Friday, May 25, 2018

ထရမ့်နှင့် တွေ့ဆုံချင်သည့် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ကင်ဂျုံအန်ဆို


ဒေါ်နယ်ထရမ့်နှင့် "မည်သည့်အချိန်တွင် မည်သို့ပင်တွေ့ရတွေ့ရ"တွေ့ဆုံချင်သည့် ဆန္ဒရှိနေဆဲပင်ဖြစ်ကြောင်း ကင်ဂျုံအန်ကပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခြင်းကို ပယ်ဖျက်လိုက်ကြောင်း ကြေညာပြီးသည့်နောက်ဝယ် ကင်ဂျုံအန်က ယခုကဲ့သို့ပြောလိုက်ခြင်းဖြစ်သည်။

ထရမ့်၏ ယခုဆုံးဖြတ်ချက်သည် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးရရှိစေရန် တကမ္ဘာလုံးကဆန္ဒရှိနေခြင်းကို တန်ပြန်ဆန့်ကျင်လိုက်သည့်သဘောဆောင်သည်ဟု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သည့် မစ္စတာ ကင်ကျေးဂွမ် ကပြောကြားကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီမှ ယမန်နေ့က ထုတ်ပြန်ကြေညာသည်။

"အမေရိကန်-မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးပွဲနဲ့ပတ်သက်လို့ ထရမ့်ကြေညာလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ငြိမ်းချမ်းရေးကို မျှော်လင့်နေကြတဲ့ ကမ္ဘာတစ်ဝန်းလုံးက ပုဂ္ဂိုလ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူမကျဘူးလို့ ကျွန်တော်ပြောချင်ပါတယ်"ဟု အဆိုပါ မစ္စတာ ကင်ကျေးဂွမ်ကပြောသည်။

ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးရန် လက်ရှိအချိန်ဝယ် မသင့်လျော် မဆီလျော်သေးကြောင်း သမ္မတထရမ့်က ကင်ဂျုံအန်ဆီသို့ ပေးပို့သော အကြောင်းကြားစာတွင်ရေးသားထားသည်။

ref: North Korea says it's still willing to meet with Trump after US President cancels summit
Popular News Journal

0 comments:

Post a Comment