Wednesday, October 31, 2018

ဒေါ်လာဈေး ပြန်​လည်​မြင့်​တက်


နိုင်​ငံခြားငွေလဲနှုန်းများ ယခုရက်​သတ္တစ်​ပတ်​အတွင်း အမေရိကန်​ တစ်​ဒေါ်လာလျှင်​၂၀ ကျပ်​ခန့်​မြင့်​တက်​လာခဲ့ပြီး အောက်​တိုဘာလ ၃၁ ရက်​တွင်​ ကန်တစ်​​ဒေါ်လာလျှင်​ ၁၅၉၅ ကျပ်​ထိ မြင့်​တက်လာ​ခဲ့သည်​။
ရွှေနှင့် ဒေါ်လာဈေးကစားသူများကို စက်တင်ဘာလ ၂၄ရက်က အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ခေါ်ယူ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၅ ရက်မှ စတင်ကာ ဒေါ်လာဈေးကွက်​အတွင်းလည်း ရက်​အနည်းငယ်​ခန့်​ အရောင်းအဝယ်​ ရပ်​ထားခဲ့ပြီး ရန်ကုန် ရွှေလက်ကား ဈေးကွက်အတွင်း အရောင်းအဝယ် ရပ်ဆိုင်းခဲ့သည်​။

ယင်းကဲ့သို့ ရပ်​နားခဲ့ပြီးနောက်​ ပြည်​တွင်းငွေလဲနှုန်းများသည်​ တဖြေးဖြေးပြန်​လည်​ကျဆင်းလာခဲ့ရာ အမေရိကန်​တစ်​ဒေါ်လာလျှင်​ ၁၅၁၅ ကျပ်​ထိ ပြန်​လည်​ကျဆင်းလာခဲ့သော်​လည်း အောက်​တိုဘာလ ပထမပတ်​မှစတင်​၍ တရိပ်​ရိပ်​ ပြန်​လည်​မြင့်​တက်​လာခဲ့သည်​။

ထို့ပြင်​ အောက်​တိုဘာလ ဒုတိယပတ်​မှစ၍ အမေရိကန် တစ်​​ဒေါ်လာလျှင်​ ၁၅၇၅ ကျပ်​ထိ တဖြေးဖြေး ပြန်​လည်​ကျဆင်းလာခဲ့ရာ အောက်​တိုဘာလ ၃၁ ရက်​တွင်​ အမေရိကန်​ တစ်​ဒေါ်လာကို ၁၅၉၅ ကျပ်​ထိ ပြန်​လည်​မြင့်​တက်​လာခဲ့သည်​။

စက်တင်ဘာလ တတိယပတ်အတွင်းက ဖြစ်​ပေါ်ခဲ့သည့်​ နိုင်​ငံခြားငွေလဲနှုန်းမှာ တစ်​ဒေါ်လာလျှင်​ ၁၆၃၅ ကျပ်​ထိ မြင့်တက်ခဲ့ရာမှ အောက်တိုဘာလ ၄ ရက်အထိ ဆက်တိုက်ကျဆင်းခဲ့ပြီး၊ အောက်​တိုဘာလ ၅ရက်မှ စတင်၍ ပြန်လည်မြင့်တက်လာခဲ့သည်။

အောက်တိုဘာလ ၄ရက်တွင် အမေရိကန်တစ်ဒေါ်လာငွေလဲနှုန်းမှာ ၁၅၁၅ ကျပ်ထိ ကျဆင်းခဲ့ပြီး၊ အောက်တိုဘာ ၉ရက်တွင် တစ်ဒေါ်လာလျှင် ၁၅၇၀ ကျပ်​ထိ ပြန်လည် မြင့်တက်ခဲ့ကာ အောက်​တိုဘာလ ၁၀ရက်​တွင်​ တစ်​ဒေါ်လာလျှင်​ ၁၅၉၀ ကျပ်​ထိမြင့်​တက်​လာခဲ့သည်။

ယင်းသို့ ဒေါ်လာဈေးများ မြင့်​တက်​လာခြင်းနှင့်​အတူ ပြည်​တွင်းရွှေဈေးနှုန်းများလည်း ပြန်​လာမြင့်​တက်​လာခဲ့ရာ အောက်​တိုဘာလ ၃၁ ရက်​တွင်​ ဒေါ်လာဈေးမြင့်​တက်​လာမှုကြောင့်​ ပြည်​တွင်း အခေါက်​ရွှေ တစ်​ကျပ်​သားလျှင်​ ကျပ်​ ၁၀၃၉၀၀၀ ဝန်းကျင်​သို့ မြင့်​တက်​ခဲ့သည်​။

ထို့ပြင်​ ယခုလ ဒုတိယပတ်​က ပြည်​ပစက်​သုံးဆီဈေးနှုန်းများကျဆင်းခြင်းနှင့်​ ဒေါ်လာဈေးများ ပြန်​လည်​ကျဆင်းခဲ့သည့်​အတွက်​ ပြည်​တွင်းစက်​သုံးဆီ ဈေးနှုန်းများမှာလည်း အနည်းငယ်​ လိုက်​ပါကျဆင်းလာခဲ့ကြောင်း စက်​သုံးဆီဈေးကွက်
အတွင်းမှသိရသည်​။


The Fifth Wave News

0 comments:

Post a Comment