Tuesday, October 30, 2018

ရွှေဘိုတွင် မူးမြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရန် ကမ်းထိန်းမြက်များ ပထမအကြိမ် စိုက်ပျိုး


ရွှေဘိုမြို့နယ်တွင် မူးမြစ် ကမ်းပါးပြိုကျခြင်းမှ ကာကွယ်ရန် ကမ်းထိန်းမြက်များကို ပထမအ ကြိမ် စိုက်ပျိုးခဲ့ကြောင်း ရွှေဘိုမြို့ နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောသည်။ 
မြစ်ကမ်းပါးရေတိုက်စား၍ မြေပြိုကျခြင်း ကာကွယ်ရန် မြစ်ကမ်းပါးထိန်းမြက်အပင်တစ် သောင်းကို အောက်တိုဘာ ၂၉ ရက်က စိုက်ပျိုးခဲ့သည်။ 

‘‘ကမ်းပြို ကမ်းထိန်းကာ ကွယ်ရေးအတွက် ကျောက်စီမြေ ထိန်းနံရံ တည်ဆောက်မယ်ဆို ရင် တစ်ပေတစ်သိန်းလေက်ကုန် တော့ တစ်တိုင်းလုံး လွှမ်းခြုံဖို့ မဖြစ်နိုင်ဘူး။ ကမ်းပါးထိန်းမြက် ကို သုတေသနစာတမ်းတစ်ခု ဖတ်ပြီး စမ်းသပ်စိုက်ပျိုးတာပါ။ ဒီမြက်မျိုးက မြေအောက် ၁၅ ပေ လောက် ကုတ်ယူထားတဲ့အတွက် ကမ်းပါးမြေကို ထိန်းနိုင်တယ်။ ပြီးတော့ မြက်ကို နွားကျွေးလို့ရ တဲ့အတွက် တိရစ္ဆာန်အစာအဖြစ် သုံးနိုင်တယ်။ မြက်ကိုသက်ငယ်၊ နှီးတို့လို လူသုံးကုန်ပစ္စည်းတွေ ထုတ်လို့ရတယ်’’ ဟု ဦးမိုးကျော် သူက ပြောသည်။ 

အဆိုပါကမ်းပါးထိန်းမြက် မျိုးရင်းသည် ထိုင်းနိုင်ငံမှ ထုတ် လုပ်သော မျိုးစေ့များဖြစ်ပြီး ထိုင်း နိုင်ငံတွင် မြစ်ကမ်း မြေထိန်းအ ဖြစ် မြက်များစိုက်ပျိုးထားကြောင်း ၎င်းကပြောသည်။ 

‘‘မြစ်ရေတိုက်စားလို့ ကမ်း ပါးတွေပြိုလို့ ရွာတွေ၊ နေအိမ် တွေ၊ စိုက်ခင်းတွေ ပျက်စီးတဲ့အ ထိ ဖြစ်ခဲ့တယ်။ မြစ်ကမ်းထိန်း ကျောက်စီနံရံတွေအတွက် အစိုး ရက ဘတ်ဂျက်တွေအကုန်ခံပြီး လုပ်နေပေမယ့် မြစ်ကမ်းပြိုတာ တွေ ရှိနေဆဲပါ။ အခုမြစ်ကမ်းပါး ထိန်းတဲ့ မြက်က စမ်းသပ်စိုက်ပျိုး တာ အောင်မြင်မယ်ဆိုရင် ငွေ ကုန်သက်သာပြီး မြစ်ကမ်းထိန်း လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်နိုင်မယ်’’ဟု မုံရွာမြို့ဒေသခံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။ 

အဆိုပါ မြစ်ကမ်းပါးမြက် စိုက်ပျိုးရေးလုပ်ငန်းတွင် ရွှေဘို မြို့နယ် လွှတ်တော်ကိုယ်စား လှယ်များ၊ ဆည်မြောင်းဦးစီးဌာန နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မအူပင်ကျေးရွာမှ ဆရာတော်၊ သံဃာတော်များ၊ ရပ်မိ၊ ရပ်ဖ ဒေသခံများက ပူးပေါင်း၍ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

7Day

0 comments:

Post a Comment