Tuesday, October 30, 2018

အင်စထရာဂရမ်တွင် Followers အများဆုံးရရှိသူ အကျော်အမော်အဖြစ် စီရော်နယ်ဒို ရပ်တည်


ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် အင်စထရာလူမှုကွန်ရက်စာမျက်နှာတွင် Followers ပိုင်ဆိုင်မှု အများဆုံး အကျော်အမော်အဖြစ် ရပ်တည်လိုက်နိုင်ပြီဖြစ်ပြီး ယခုမတိုင်မီတွင် အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်၌ Followers အများဆုံးပိုင်ဆိုင်ထားသူမှာ တေးသံရှင် ဆယ်လီနာဂိုမက်ဇ်ဖြစ်သည်။ 
စီရော်နယ်ဒိုသည် ၎င်း၏လှုပ်ရှားမှု ပုံရိပ်များနှင့် ပြင်ပလူနေမှုဘ၀ဖြတ်သန်းမှုများကို အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်၌ အမြဲမပြတ် ဖော်ပြလေ့ရှိသူဖြစ်ပြီး လက်ရှိတွင် အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်၌ စီရော်နယ်ဒို၏ Followers ပိုင်ဆိုင်မှုမှာ ၁၄၄ ဒသမ ၄ သန်း ရှိသွားခဲ့ပြီဖြစ်သည်။ 

အမေရိကန်တေးသံရှင် ဆယ်လီနာဂိုမက်ဇ်သည် ၂၀၁၆ ခုနှစ်မှစ၍ အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်တွင် Followers အများဆုံးပိုင်ဆိုင်သော အကျော်အမော်တစ်ဦးအဖြစ် အစဉ်အဆက် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်သို့ရောက်မှ စီရော်နယ်ဒိုက သူမကို ဖြတ်ကျော်တက်လိုက်နိုင်ခြင်းဖြစ်သည်။ 

အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာတွင် Followers အရေအတွက် အများဆုံးပိုင်ဆိုင်ထားသော အကျော်အမော်များ ထိပ်ဆုံး ၁၀ ဦးစာရင်း၌ အားကစားနယ်ပယ်မှနေ၍ နှစ်ဦးသာပါဝင်ခဲ့ပြီး ယင်းပုဂ္ဂိုလ်နှစ်ဦးမှာ စီရော်နယ်ဒိုနှင့် အဆင့်ကိုးနေရာတွင် ရပ်တည်နေသူ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာတို့ ဖြစ်ကြသည်။ 

စီရော်နယ်သည် အင်စထရာဂရမ်လူမှုကွန်ရက်စာမျက်နှာတွင် Post တစ်ခု လွှင့်တင်ဖော်ပြချိန်တိုင်း၌ ပျမ်းမျှ Like အရေအတွက် ၄ ဒသမ ၅ သန်းအထိ ရရှိလေ့ရှိကြောင်း စစ်တမ်းများကလည်း ဖော်ပြထားသည်။

The Voice

0 comments:

Post a Comment