Tuesday, October 30, 2018

လုပ်ငန်းရှင်များ၏ တောင်းဆိုချက်များကို ဝန်ကြီးဌာနမှတ်ချက်များ တောင်းခံ၍ ဆွေးနွေးနေဟုဆို

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ်က စီးပွား ရေးလုပ်ငန်းရှင်များ၏တောင်းဆိုချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၏သ ဘောထားမှတ်ချက်များတောင်းခံကာဆွေးနွေးနေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။ 
‘‘အချို့အနေအထားတွေက တော့ ပြောင်းသွားတဲ့အနေအ ထားနဲ့ မကိုက်တာတွေရှိတယ်။ မကိုက်တဲ့အပေါ်မှာ ပြန်လည်စိ စစ်နေတယ်။ စိစစ်ပြီး လုပ်ငန်းရှင်တွေ တောင်းဆိုချက်တွေကို ဘယ်ဟာက လုပ်လို့ အဆင်ပြေလဲ၊ ဘယ်ဟာက လုပ်လို့ အဆင်မပြေ ဘူးလဲ၊ သက်ဆိုင်ရာဌာနတွေက နေ သဘောထားတွေယူတယ်’’ဟု အောက်တိုဘာ ၂၉ ရက်က နေ ပြည်တော်၌ ကျင်းပသည့်သမ္မတ အိမ်တော်သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားသည်။ 

လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးအနေအထားပေါ်မူတည်၍ အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ အမြန်ဆုံးဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။ 

‘‘အချို့ဟာတွေကတော့ တောင်းဆိုတာမှန်သမျှ အကုန်လုပ်ပေးချင်မှ လုပ်ပေးမယ်လေ။ လက်တွေ့ ဝန်ကြီးဌာနတွေရဲ့ သဘောထားအပေါ် မူတည်တယ်’’ဟု ဦးဇော်ဌေးက ရှင်းပြ သည်။ 

ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များက ဘဏ်အတိုးနှုန်းများလျှော့ချပေးရန်၊ သွင်းကုန်အစားထိုး ထုတ်လုပ်မှု ဆောင်ရွက်ပြီး တရားမဝင်ကုန်သွယ်မှုကို လျှော့ချရေး ဆောင်ရွက်ရန်၊ ကန်ဒေါ်လာအပေါ် မှီခိုမှုလျှော့ချပြီး ပြည်တွင်းရောင်းဝယ်မှုများတွင် ကျပ်ငွေအသုံးများလာစေရေး ဆောင်ရွက်ရန်၊ ပို့ကုန်မြှင့်တင်ပြီး အိမ်နီးချင်းနိုင်ငံများ၏ ကုန်သွယ်မှုကို အစိုးရချင်း တရားဝင်ညှိနှိုင်းပေးရန် အချက်များကို တောင်းဆိုထားသည်။

7Day

0 comments:

Post a Comment