Tuesday, October 30, 2018

မူးယစ်တရားခံပြေး နှစ်အကန့်အသတ်မရှိထောင်ကျ

မူးယစ်ဆေးဝါးအမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေရာမှ ဖမ်းမိကာ တရားစွဲဆိုခံရသည့် အမျိုးသားကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ပုဒ်မနှစ်ခုဖြင့် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်ချ မှတ်ခဲ့သည်။ 
အမှုကို တစ်နှစ်ကျော် စစ် ဆေးခဲ့ကာ ရုံးတော်သို့ တင်သွင်း သည့် သက်သေများကို စစ်ဆေး ပေါ်ပေါက်ချက်အရ ပြစ်မှုကျူး လွန်ကြောင်း ထင်ရှားသဖြင့် အောက်တိုဘာ ၂၉ ရက်က အမိန့် ချမှတ်ခဲ့သည်။ 

မူးယစ်ဆေးဝါးအမှုဖြင့် ပြန် လည်ဖမ်းဆီးခံရကာ တရားစွဲဆို ခံခဲ့ရသည့် အသက်(၃၇)နှစ်အ ရွယ် တရားခံ သက်မွန်(ခ)သက် မွန်ဦးကို မူးယစ်ဆေးဝါးဖြန့်ဖြူး ရောင်းချသည့်ပုဒ်မ ၁၉(က)နှင့် ပြစ်ချက်ဟောင်းပုဒ်မ ၂၃ အရ ထောင်ဒဏ်နှစ်အကန့်အသတ် မရှိ ကျခံစေရန် အမှုစစ်တရားသူ ကြီးက အမိန့်ချမှတ်ခဲ့သည်။ 

၂၀၁၅ ဇန်နဝါရီ ၁၁ ရက်က မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ သည် မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက်အတွင်း နေထိုင် သည့် သက်မွန်(ခ)သက်မွန်ဦး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်း၏အိပ်ရာဘေးမှ WY စိတ်ကြွ ဆေးပြားလေးပြားနှင့် မူးယစ်ဆေး ဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ တွေ့ရှိပြီး နေအိမ် ဘုရားခန်းရှိ ဗီရိုပေါ်မှ ကော်ဘူး ၌ ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွဆေးပြား ၁,၇၀၀ ကျော်အပြင် ICE အချို့နှင့် ကျပ် ၁၀ သိန်းတို့ကို ထပ်မံတွေ့ရှိခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်တွင် ဖော်ပြထားသည်။ 

တရားခံ သက်မွန်ဦးသည် ၎င်း၏နေအိမ်သို့ ရဲတပ်ဖွဲ့က ဝင် ရောက်ရှာဖွေချိန်ကစ၍ ထွက်ပြေးတိမ်းရှောင်နေပြီး ၂၀၁၇ သြဂုတ်အတွင်း ရဲတပ်ဖွဲ့က ဖမ်းမိကာ တရားစွဲဆိုခဲ့သည်။ သက်မွန်ဦးသည် ယခင်ကလည်း မူးယစ်ပြစ်ချက်ဟောင်းရှိသူဖြစ်သည်။

7Day

0 comments:

Post a Comment