Tuesday, October 30, 2018

ကမန်မဟုတ်သူများ နိုင်ငံသားကတ်ထုတ်ပေးမှုကို စိတ်မပူရန် လဝကဝန်ကြီးပြော


ကမန်လူမျိုးမဟုတ်သူများကို နိုင်ငံသားစိစစ် ရေးကတ်များ ထုတ်ပေးမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနက တစ်ဦးချင်း သေချာစွာစိစစ်နေပြီး ဥပဒေအတိုင်း မှန်မှန်ကန်ကန်ဆောင်ရွက်မည်ဖြစ်၍ စိတ်မပူရန်နှင့် ယခုကိစ္စအတွက် တာဝန်ယူကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက ကတိပြုသည်။ 
‘‘ဝန်ကြီးရုံးက စိစစ်တဲ့အတွက် ဒီဟာစိစစ်ပြီးရင် အတည် ဖြစ်မှာ။ သမိုင်းတွင်မယ့်ကိစ္စဖြစ် တယ်။ အမှားခံလို့မရဘူး။ ဝန်ကြီးအနေနဲ့ တာဝန်ယူပါတယ်။ ကိစ္စအားလုံးကို ရှင်းလင်းပြီးတော့မှ တစ်ဦးချင်းစီအလိုက် သူ့ကို ဘာ ဖြစ်လို့ ဒီဟာကို ပေးရတယ်၊ သူ့ ကို ဘာလို့ ကမန်လို့ ပေးရတယ်။ သူ့ကို ဘင်္ဂါလီလို့ ပေးရတယ်ဆို တာကို ဥပဒေနှင့် ချိန်ထိုးနေပါ တယ်။ သိရှိလာတဲ့အခါမှာလည်း ပဲ အားလုံးကို ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်’’ဟု ဦးသိန်းဆွေက ဆိုသည်။ 

အောက်တိုဘာ ၃၀ ရက်က နေပြည်တော်ရှိ M-Gallery Hotel၌ ကျင်းပသော အလုပ်ခွင်ထိခိုက် မှုအကျိုးခံစားခွင့်အာမခံစနစ်နှင့် ပတ်သက်သည့် အလုပ်ရုံဆွေး နွေးပွဲအပြီးတွင် မီဒီယာများအား ပြည်ထောင်စုဝန်ကြီးက ဖြေကြား သည်။ 

ကမန်မဟုတ်သူ သုံးထောင် ကျော်အား စိစစ်မှုကို တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် များအလိုက် ဥပဒေကျွမ်းကျင် သည့် အရာရှိများက အသေးစိတ် တစ်ခုချင်းစီ စိစစ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော သည်။ 

‘‘သေချာတာတစ်ခုပြောချင် တာကတော့ ထုတ်ပေးထားတဲ့သူ အားလုံးဟာ နိုင်ငံသားအရည်အ ချင်းပြည့်တဲ့သူတွေဖြစ်တယ်။ လူ မျိုးကိစ္စလေးတစ်ခုသာ အသေး စိတ်စစ်ဖို့လိုတဲ့အတွက် တစ်ဦး ချင်းစီရဲ့ အထောက်အထားစာ ရွက်၊ စာတမ်းတွေကို အသေးစိတ်ပြန်လေ့လာနေတယ်’’ဟု ၎င်းက ဆိုသည်။ 

ဌာနက ရှင်းလင်းစွာသိရန် လိုအပ်ပါက သက်ဆိုင်ရာဒေသ များအထိ တွေ့သင့်၊ တွေ့ထိုက် သူအားလုံးနှင့် တွေ့ဆုံကာ နစ်နာမှုမရှိရေးနှင့် အခွင့်အရေးရသင့်၊ ရထိုက်သူများ မှန်ကန်စွာ ရရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

‘‘ဥပဒေနှင့်အညီ ရသင့်၊ ရထိုက်တဲ့ နိုင်ငံသားအဆင့်အတန်း တစ်ခုကို ရရမည်။ မရသင့်၊ မရထိုက်တဲ့လူတွေကို မရရပါဘူး။ မရသင့်စေရပါဘူး။ ဒါ ဌာနရဲ့ရပ်တည်ချက်၊ နိုင်ငံတော်ရဲ့ ရပ်တည်ချက်ပါပဲ။ အဲဒီအတိုင်းပဲ ဖြစ်အောင် ဆောင်ရွက်မှာဖြစ်ပါ တယ်။ ဒါကိုလည်းပဲ ပွင့်လင်းမြင် သာစွာ ဆောင်ရွက်မှာ ဖြစ်ပါ တယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ 

စိစစ်ရေးလုပ်ငန်းတွင် ကတ် ပြားထုတ်ပေးခဲ့သူများ အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့လျှင် ဥပဒေ နှင့်အညီ ခုခံရှင်းလင်းနိုင်မည့် အခွင့်အရေးပေးမည်ဖြစ်ကြောင်း ဦးသိန်းဆွေက ဆိုသည်။ 

‘‘ထုတ်ပေးပြီးသားလူတွေ အမှားအယွင်းရှိသွားရင်တောင်မှ သူတို့ရဲ့အထောက်အထား သူတို့ ကို ပြန်ကာကွယ်ဖို့ အခွင့်အရေး ပေးရမှာဖြစ်ပါတယ်’’ဟု ပြည် ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားသည်။ ထို့အပြင် ယခုဖြစ်စဉ် အပေါ် ဝေဖန်မှုများကို လက်ခံ ကြိုဆိုပြီး ဒီမိုကရေစီလမ်းစဉ်အရ ရှိသင့်သော ဖြစ်စဉ်တစ်ခု ဖြစ် ကြောင်း ဝန်ကြီးက ဆိုသည်။ 

‘‘ဝန်ကြီးဌာနကတော့ ကြိုဆိုတယ်။ အဲဒီလို ထောက်ပြနေတယ်။ အဲဒီလိုစောင့်ကြည့်နေတဲ့ သူတွေ ရှိလေ ကိုယ့်ဆီက လုပ်တဲ့အဖွဲ့တွေက ပိုမိုပြီးတော့မှ ဥပဒေ နဲ့အညီ သတိနဲ့လုပ်ရလေပါပဲ။ ဒါဟာ ကောင်းတာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ အပြန်အလှန် ထိန်းညှိခြင်းဆိုတာ ဒါကိုပြောတာ ဖြစ်ပါတယ်။ လွှတ်တော်က ကိုယ် စားလှယ်တွေလည်းပဲ ဘဝင်ကျ သွားအောင် ရှင်းလင်းသွားမှာဖြစ် ပါတယ်’’ဟု ဝန်ကြီးက ပြောကြားသည်။ 

ရမ်းဗြဲမြို့နယ် ကျောက်နီ မော်ကျေးရွာအုပ်စုမှ ဘင်္ဂါလီများ ကို ကမန်လူမျိုးအမည်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ မှားယွင်းစွာ ထုတ်ပေးထားသဖြင့် ပြန်လည်ရုပ်သိမ်းပေးရန် ပြည် ထောင်စုအစိုးရသို့ တိုက်တွန်း ကြောင်း အဆိုကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ရခိုင် ပြည်နယ်လွှတ်တော်အစည်းအ ဝေးတွင် ရမ်းဗြဲမဲဆန္ဒနယ် ပြည် နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက တင်သွင်းခဲ့ သည်။ 

ထို့အပြင် စက်တင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းတွင် ကမန် အမျိုးသားတိုးတက်ရေးပါတီက ဦးဆောင်၍ ကမန်မဟုတ်သူများကို ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးနေသည့်အပေါ် ပြန်လည်စိစစ်၍မသမာမှုပြုလုပ်နေသူများကို ဖော်ထုတ်အရေးယူပေးရန် သတင်းစာ ရှင်းလင်းပွဲပြုလုပ် တောင်းဆိုခဲ့သည်။ 

အဆိုပါသတင်းစာရှင်းလင်း ပွဲ၌ ကျောက်နီမော်ကျေးရွာအုပ်စု တွင် နေထိုင်သည့် ဘင်္ဂါလီများကို ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးခြင်းဖြစ် ပြီး ၂၀၁၇ နှစ်ကုန်မှ ယခုနှစ်သြ ဂုတ်အတွင်း ကတ်ပြားသုံးထောင် ကျော် ထုတ်ပေးခဲ့ကြောင်း ကမန် အမျိုးသားတိုးတက်ရေးပါတီက ပြောသည်။ 

အဆိုပါကျေးရွာအုပ်စုတွင် ကမန်လူမျိုး ၂၅၀ ခန့်သာ ရှိသော်လည်း ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ရရှိထားသူ ၃,၃၀၆ ဦးရှိကြောင်း ကမန်အဖွဲ့အစည်းများက ပြောသည်။



7Day

0 comments:

Post a Comment