Tuesday, October 30, 2018

ရန်ကုန်တက္ကသိုလ် ဝင်ခွင့်ရကျောင်းသား ၅၇၀ ကျော် ကျောင်းမအပ်


ရန်ကုန်တက္ကသိုလ်၏ လာမည့်ပညာသင်နှစ် ပထမနှစ် သင်တန်းများသို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ ကျောင်းသူ ၁,၉၆၂ဦးရှိသည့်အနက် ကျောင်းအပ် နောက်ဆုံးလက်ခံသည့်ရက်အထိ ၅၇၃ ဦး ကျောင်းအပ်နှံခြင်းမရှိကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာန လက် ထောက်မော်ကွန်းထိန်း ဦးအောင်စိုးက ပြောသည်။ 

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို ယခုပညာသင်နှစ်ကစကာ ယင်းတက္ကသိုလ်က တိုက်ရိုက်ခေါ်ယူခဲ့သည်။ လျှောက်ထားသူများကို တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်အ ပြင် လူတွေ့နှုတ်ဖြေစစ်ဆေးကာ ဝင်ခွင့်ရွေးချယ်ခဲ့ပြီး ဝင်ခွင့်ရ စာရင်းကို စက်တင်ဘာ ၁၇ ရက် က ကြေညာသည်။ 

ဝင်ခွင့်ရသူများသည် စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၁၇ ရက်အတွင်း ကျောင်း မအပ်ပါက တက်ရောက်ခွင့်ပြု မည်မဟုတ်ဟု ကြေညာခဲ့သော် လည်း ဝင်ခွင့်ရသူ ၁,၉၆၂ ဦး အနက် ၁,၃၈၉ ဦးသာ ကျောင်း လာရောက်အပ်နှံသည်။ 

‘‘လျှောက်ထားတဲ့ထဲက ဝင်ခွင့်မရသူတွေ အသနားခံစာတင်တာမျိုးတော့ ရှိတယ်။ သူတို့ကို ထပ်လက်ခံဖို့ ရှိ၊ မရှိကတော့ ပါမောက္ခချုပ်က ကျွန်တော်တို့ကို ညွှန်ကြားထားတာ မရှိသေးပါ ဘူး’’ဟု ဦးအောင်စိုးက အောက် တိုဘာ ၂၉ ရက်၌ 7Day Daily သတင်းစာအား ပြောသည်။ 

ရန်ကုန်တက္ကသိုလ်၌ ဖွင့်လှစ်မည့် ဘွဲ့ကြိုဘာသာရပ် ၂၆ ခုအတွက် ကျောင်းသား၊ ကျောင်းသူ ၂,၀၀၀ ကျော် ခေါ်ယူရန် မူလက လျာထားသော်လည်း ၃,၂၈၇ ဦး ဝင်ခွင့်လျှောက်ထားခဲ့သည်။ 

ယင်းအနက် ၁,၉၆၂ ဦးသာ ဝင်ခွင့်ရရှိပြီး လျာထားဦးရေထက် ၂၀၀ ကျော်လျှော့ကာ လက်ခံခဲ့ သည်။ သို့သော် အမှန်တကယ် ကျောင်းတက်ရန် အပ်နှံမည့်သူ ၅၇၀ ကျော် ထပ်မံလျော့ကျခဲ့ခြင်း ဖြစ်သည်။ 

‘‘ဝင်ခွင့်နှုတ်ဖြေတော့ ထပ် ဖြေရတာပဲ။ ဒါပေမဲ့ အဓိကက ဆယ်တန်းအမှတ်နဲ့ပဲဆိုတော့ အမှတ်ပိုများသူက ဝင်ခွင့်ရစာရင်းမှာ ပါလာတာ။ သူတို့က လာမတက်တော့ တခြားသူတွေ အခွင့်အရေးဆုံးရှုံးတာပဲ’’ဟု အထက (၁) ဒဂုံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ် တွင် သင်္ချာဘာသာရပ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ကိုရီးယားဘာသာရပ် ဦးစားပေး လျှောက်ထားသည့် ကျောင်းသူ၏ မိခင်က ပြောသည်။ 

၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်အတွက် ရန် ကုန်တက္ကသိုလ်အပါအဝင် တက္က သိုလ် ၁၁ ခုက ဝင်ခွင့်ကို တိုက် ရိုက်ခေါ်ယူခဲ့သည်။ ဝင်ခွင့် လျှောက်ထားစဉ်က ကျောင်း သား၊ ကျောင်းသူတစ်ဦးလျှင် ယင်းကျောင်း ၁၁ ကျောင်းအနက် နှစ် သက်ရာကျောင်းကို အရေအ တွက် အကန့်အသတ်မရှိ လျှောက်ထားနိုင်ခြင်းကြောင့် ကျောင်းတစ် ကျောင်းထက်ပို၍ ဝင်ခွင့်ရသူများ ရှိခဲ့သည်။ 

တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခုက အောက်တိုဘာ ၁၇ ရက်အထိ ကျောင်းအပ်လက်ခံအပြီးတွင် တက္ကသိုလ်အချို့၌ ဝင်ခွင့်ရထားပြီး ကျောင်းလာမအပ်သူများ ရှိနေသည်။ ထို့ ကြောင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အပါအဝင် အချို့ တက္ကသိုလ်များက နောက်ဆက် တွဲဝင်ခွင့် ထပ်မံခေါ်ယူနေသည်။ 

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ နောက်ပိုင်းက စတင်၍ ဝိဇ္ဇာ၊ သိပ္ပံ ထူးချွန်သည့် ဘွဲ့ကြိုတန်း ကျောင်းသားများကို ပြန် လည်သင်ကြားပေးနေသည်။ ဝင်ခွင့်ရရှိသူများထဲမှ သတ်မှတ် ရမှတ် ကျော်လွန်ပြီး ဝင်ခွင့်ရသူ များကို တစ်လလျှင် ကျပ်တစ် သိန်းနှုန်းဖြင့် တစ်နှစ်လျှင် ၁၀ လ ဝိဇ္ဇာချွန်ဆုနှင့် သိပ္ပံချွန်ဆုများ ချီးမြှင့်သည်။

7Day

0 comments:

Post a Comment