Tuesday, October 30, 2018

အလှမယ် ဆပ်ခ်နာမိုင်ကို လက်စတာအသင်းပိုင်ရှင်၏အမြှောင်မယားဟု သမုတ်ခဲ့သော ဘီဘီစီအားကစားအယ်ဒီတာ ပြန်လည်ဝန်ချတောင်းပန်

ထိုင်းအလှမယ်ဟောင်း ဆပ်ခ်နာမိုင်ကို လက်စတာအသင်းပိုင်ရှင် ဗီချိုင်း၏အမြှောင်မယား (အပျော်မယား၊ မယားငယ်)ဟု သုံးနှုန်းသမုတ်ခဲ့သော ဘီဘီစီအားကစားအယ်ဒီတာ ဒန်ရိုအန်သည် ပရိသတ်များက ၎င်းကို ဝေဖန်မှုများ မြင့်တက်လာသည့်အတွက် တွစ်တာလူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ 
ဒန်ရိုအန်သည် လက်စတာအသင်းပိုင် ကင်းပါဝါဘောလုံးကွင်းရှေ့တွင် ရဟတ်ယာဉ်ပျက်ကျမှု၌ အသက်ဆုံးရှုံးသွားခဲ့ရသူများအတွက် ၀မ်းနည်းခြင်းအခမ်းအနားကျင်းပနေသည်များကို ရုပ်သံအစီအစဉ် ထုတ်လွှင့်တက်ဆက်ရာ၌ ဆပ်ခ်နာမိုင်ကို ဗီချိုင်း၏အမြှောင်မယားဟု သုံးနှုန်းသွားခဲ့ခြင်းဖြစ်ပြီး လက်စတာအသင်းအားပေးသူများက လေးစားမှုကင်းမဲ့သော၊ ခေါင်းမရှိသောသူ၏သုံးသပ်ချက်ဟု ပြင်းပြင်းထန်ထန် ဝေဖန်လာခဲ့အပြီးတွင် ဒန်ရိုအန်က ပြန်လည်ဝန်ချတောင်းပန်လိုက်ခြင်းဖြစ်သည်။ 

လက်စတာအသင်းပရိသတ်များသည် ဗီချိုင်းနှင့် ဆပ်ခ်နာမိုင်တို့၏ပတ်သက်မှုမှာ ဒန်ရိုအန် သုံးသပ်သကဲ့သို့ အမှန်တကယ်ဖြစ်နေလျှင်လည်း ယင်းမှာ ၎င်း၏ပုဂ္ဂိုလ်ရေးကိစ္စသာဖြစ်ကြောင်း၊ အသင်းအပေါ်ထားရှိသည့် ဗီချိုင်း၏စေတနာကမူ လေးစားဖွယ်ရာဖြစ်ကြောင်း၊ ၎င်းတို့အနေနှင့် ဗီချိုင်းကို အသင်း၏ကျေးဇူးရှင်အဖြစ် အမြဲထာဝရ အမှတ်ရနေမည်သာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသွားခဲ့သည်။ 

လက်စတာအသင်းပိုင်ရှင် ဗီချိုင်းသည် လက်စတာနှင့် ၀က်စ်ဟမ်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဗြိတိန်စံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်အချိန်၌ ၎င်းပိုင်ဆိုင်သော လူရှစ်ဦးလိုက်ပါ စီးနင်းနိုင်သည့် AW169 အမျိုးအစား ရဟတ်ယာဉ်ပျက်ကျကာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ယင်းရဟတ်ယာဉ်ပျက်ကျမှုတွင် ဗီချိုင်းနှင့် အလှမယ်ဟောင်း ဆပ်ခ်နာမိုင်တို့အပါအ၀င် လူငါးဦး အသက်ဆုံးရှုံးခဲ့ရသည်။


The Voice

0 comments:

Post a Comment