Tuesday, October 30, 2018

ခွေးများက ငှက်ဖျားပိုးအနံ့ခံ ဖော်ထုတ်နိုင်ပြီ


ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ ခွေးတွေကို လေ့ကျင့်သင်ကြားပြီး ငှက်ဖျားပိုး အနံ့ခံ ဖော်ထုတ်နိုင်တာကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ 
ကနဦး အဆင့် စမ်းသပ်ချက်တွေကို ဗြိတိန် ကုသိုလ်ဖြစ် ဆေးဘက်ဆိုင်ရာရှာဖွေရေး ခွေးများစင်တာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က လုပ်ခဲ့ပါတယ်။ 

အဆိုပါလေ့လာချက်ကို အောက်တိုဘာ ၂၉ ရက်နေ့ကလည်း အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့ရှိ အမေရိကန် အပူပိုင်းဆေးပညာနဲ့ ရောဂါကင်းစင်ရေး အဖွဲ့အစည်း နှစ်ပတ်လည်အစည်းဝေးမှာ ပြုလုပ်ခဲ့ပါတယ်။ 

“ဂမ်ဘီယာနိုင်ငံက ကလေးတွေ ၀တ်ဆင်ခဲ့တဲ့ ခြေအိတ်တွေကို အသုံးပြုပြီး စမ်းသပ်ခဲ့ပါတယ်။ ကျမတို့ တွေ့ရှိရတာက ခွေးတွေဟာ ဘယ်ဟာကတော့ ငှက်ဖျားပိုး ကူးစက်ခံရတဲ့ ကလေးတွေရဲ့ ခြေအိတ်လဲ၊ ဘယ်ဟာကတော့ ပိုးမရှိတဲ့ ကလေးတွေရဲ့ ခြေအိတ်လဲဆိုတာ ခွဲခြားနိုင်စွမ်းရှိပါတယ်။” လို့ ဆေးဘက်ဆိုင်ရာရှာဖွေရေး ခွေးများစင်တာ စီအီးအို ဒေါက်တာ ကလယ်ရာ ဂတ်စ်က ဆိုပါတယ်။ 

“ဒီခွေးတွေဟာ အလွယ်တကူနဲ့ အလျင်အမြန် အနံ့ခံနိုင်တာကြောင့် ငှက်ဖျားပိုး သယ်ဆောင်တဲ့လူတွေဆိုရင် သူတို့ဟာ အနံ့ခံပြီး အချက်ပြနိုင်ပါတယ်။ အဲဒါက လူအုပ်ထဲက ငှက်ဖျားပိုးရှိသူကိုလည်း ရွေးထုတ်ဖို့ ဖြစ်နိုင်မှာပါ” လို့လည်း ဒါဟာ တက္ကသိုလ်မှ ပါမောက္ခ စတိဗ် လင်ဆေက ပြောခဲ့ပါတယ်။ 

ဒီငှက်ဖျားပိုးကနေ ထွက်လာတဲ့ အနံ့ဆိုးဟာ ကြွက်တွေကို ဆွဲဆောင်ပြီး အဲဒီနောက်မှာတော့ ကြွက်တွေကတဆင့် ရောဂါပျံ့နှံ့သွားတယ်လို့ သုတေသီတွေက ယုံကြည်ပါတယ်။ ထူးဆန်းစွာပဲ အဲဒီအနံ့ဟာ ခွေးတွေ အနံ့ခံလိုတဲ့ အနံ့ဖြစ်တယ်လို့လည်း သိရပါတယ်။

DVB

0 comments:

Post a Comment