Tuesday, October 30, 2018

အောက်တိန်းဆီ နှစ်မျိုး ၁၀ ရက်အတွင်း တစ်လီတာ ကျပ် ၃၀ ကျဆင်း



ပြည်တွင်း စက်သုံးဆီ ဈေးကွက်အတွင်း အောက်တိန်းဆီနှစ်မျိုး ၁၀ ရက်အတွင်း တစ်လီတာလျှင် ကျပ် ၃၀ (တစ်ဂါလန် ၁၃၅ ကျပ်) ကျဆင်းခဲ့သည်။ 
ယမန်နေ့(အောက်တိုဘာ ၃၀ ရက်) က ရန်ကုန်စက်သုံးဆီ ဈေးကွက်၌ အောက်တိန်း -92 တစ်လီတာလျှင် ၁,၀၃၅ ကျပ်၊ အောက်တိန်း -95 တစ်လီတာ လျှင် ၁,၀၈၅ ကျပ် ပေါက်ဈေးရှိ ပြီး အောက်တိုဘာ ၂၉ ရက်က ထက် တစ်လီတာလျှင် ကျပ် ၁၀ စီကျဆင်းခဲ့သည်။ ယင်းဈေးနှုန်းသည် ၁၀ ရက်အတွင်း တစ်လီတာလျှင် ကျပ် ၃၀ ကျဆင်းခြင်း ဖြစ်သည်။ 

ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည် အောက်တိုဘာ ၂၀ ရက်ကစ၍ ဈေးဆက်တိုက်ကျဆင်းနေပြီး အောက်တိန်းဆီ နှစ်မျိုး သည် ဈေးကျဆင်းမှု ပမာဏအများဆုံးဖြစ်ကြောင်း ဈေးကွက် မှတ်တမ်းများက ဆိုသည်။ 

‘‘ဈေးကွက်က မှန်းလို့တော့ ခက်နေသေးတယ်။ လက်ရှိ ကမ္ဘာ့ ရေနံစိမ်းဈေးငြိမ်နေတာရယ်။ ဒေါ်လာဈေးအတက်၊အကျ အရင် လောက် မမြန်တာရယ်ကြောင့် စက်သုံးဆီးဈေးက အကျဘက် တော့ ဦးတည်နေတယ်’’ဟု စက် သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ 

ကန်ဒေါ်လာ လဲနှုန်းသည် အောက်တိုဘာ ၃၀ ရက်က တစ် ဒေါ်လာလျှင် ကျပ် ၁,၅၈၀ ရှိပြီး ၁၀ ရက်အတွင်း ၅ ကျပ်ကျဆင်းခဲ့သည်။ ထို့အပြင် ကမ္ဘာ့ရေနံစိမ်း ဈေးသည် အောက်တိုဘာ ၃၀ ရက်က တစ်စည်လျှင် ၇၇ ဒေါ်လာနှုန်းရှိပြီး ယခုလဆန်းကထက် တစ်စည်လျှင် သုံးဒေါ်လာခန့် ကျ ဆင်းလာကြောင်း ဈေးကွက်စာ ရင်းများက ဖော်ပြသည်။


7Day

0 comments:

Post a Comment