Tuesday, October 30, 2018

ဦးအောင်ဆန်းဦး၏ အမွေခွဲရန် တောင်းဆိုမှုကို သဘောကျကြောင်း ဒေါက်တာအေးမောင် ပြော

ရန်ကုန်မြို့ တက္က သိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) အိမ်ကို လေလံပစ်ရောင်းချ ပြီး အမွေခွဲဝေရန် ဒေါ်အောင်ဆန်း စုကြည်၏ အစ်ကို ဦးအောင်ဆန်း ဦး၏ တောင်းဆိုမှုကို သဘောကျ ကြောင်း ဒေါက်တာအေးမောင်က ပြောသည်။ 
ပုဒ်မနှစ်ခုဖြင့် တရားရင်ဆိုင် နေရသည့် ဒေါက်တာအေးမောင် က အောက်တိုဘာ ၂၉ ရက် တရားရုံးထုတ်ချိန်တွင် ပြည်ထောင်စု ပြဿနာနှင့် အမွေကိစ္စကို နှိုင်း ယှဉ်ပြောကြားခြင်းဖြစ်သည်။ 

‘‘ဦးအောင်ဆန်းဦး သွားတဲ့ လမ်းကို ကျွန်တော် သဘောကျ တယ်။ ဒီအမွေမှုကို အိမ်မပျက်စေ နဲ့၊ ခြံမပျက်စေနဲ့၊ အမေရဲ့အမွေကို ထိုက်တန်တဲ့ပုဂ္ဂိုလ် တစ် ယောက်ကိုပေး၊ တန်ဖိုးကို မျှဝေ ကြရအောင်’’ဟု ဒေါက်တာအေး မောင်က ပြောသည်။ 

ဒေါက်တာအေးမောင်က ဆက်လက်ပြောရာတွင် ‘‘ကျွန်တော်တို့ ပြည်ထောင်စုကို နမူနာပေးရင် ဒေါ်ခင်ကြည်ရဲ့ အမွေကို ကျွန် တော်တို့ ပြန်သုံးသပ်ဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုခွဲ ရေး၊ တွဲရေးပြဿနာ၊ လွတ်လပ် ရေးမရခင်ကတည်းက လွတ်လပ် ရေးကို အိန္ဒိယနဲ့အတူ ယူမလား၊ မယူဘူးလား။ အဲဒီပြဿနာ အခု ဖြစ်နေပြီ’’ဟု ဆိုသည်။ 

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေခရိုင်တရားရုံးက နိုင်ငံ တော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် စွဲချက်တင် စစ်ဆေးနေသည်။

7Day

0 comments:

Post a Comment