Tuesday, February 26, 2019

အစိုးရထံ လိမ်လည်တိုင်ကြားပါက တိုင်ကြားသူကို ဥပဒေအရ ဆောင်ရွက်မည်ဟု ဝန်ကြီးပြော

အစိုးရအဖွဲ့ထံ ပေးပို့ တိုင်ကြားသောစာများတွင် အတိုင်ခံရသူများအပေါ် မဟုတ်မမှန်လိမ်လည်တိုင်ကြားပါက တိုင်ကြားသူကို တည်ဆဲဥပဒေများဖြင့် အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။ 


ဖေဖော်ဝါရီ ၂၅ ရက်က ပြု လုပ်သည့် ရန်ကုန်တိုင်း လွှတ်တော်၌ မင်္ဂလာတောင်ညွန့်မြို့ နယ် တိုင်းလွှတ်တော်ကိုယ်စား လှယ် ဦးရန်အောင်က အုပ်ချုပ်ရေးမဏ္ဍိုင်သို့ ပေးပို့သော တိုင်ကြားစာနှင့် ပတ်သက်၍ အချို့တိုင်စာ သည် အတိုင်ခံရသူများအား နစ် နာစေသဖြင့် နစ်နာသူက တိုင် ကြားသူကို ပြန်လည်တရားစွဲနိုင်ရေးနှင့် ပတ်သက်၍ မေးမြန်းရာ ဝန်ကြီးက အထက်ပါအတိုင်း ဖြေ ကြားသည်။ 



တိုင်ကြားခံရသူအား မဟုတ်မမှန်စွပ်စွဲ၍ နစ်နာစေသည်ဟု ပေါ်ပေါက်လျှင် မမှန်မကန်တိုင် ကြားသူအား ရာဇသတ်ကြီးပုဒ်မ ၅၀၀ ဖြင့်လည်းကောင်း၊ နိုင်ငံ သား၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ် လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကို အကာအကွယ်ပေးရေး ဥပဒေ အရလည်းကောင်း၊ သက်ဆိုင်ရာ အခြားတည်ဆဲဥပဒေများဖြင့် လည်းကောင်း သက်ဆိုင်ရာ တရားရုံးများတွင် တရားစွဲဆိုနိုင် ကြောင်း ဝန်ကြီးက ပြောသည်။ 



‘‘တရားစွဲဆိုနိုင်ဖို့အတွက် တိုင်ကြားစာကို မိတ္တူကူးယူခွင့်ပြု ထားပါတယ်။ ဒါပေမဲ့ လုံခြုံရေး အဆင့်အတန်းရှိပြီး ကူးယူခွင့်ပေး နိုင်ခြင်းမရှိတဲ့ စာရွက်စာတမ်းမှ အပ ကျန်စာရွက်စာတမ်း အ ထောက်အထားတွေကို ကူးယူနိုင် ပါတယ်’’ဟု ဝန်ကြီး နော်ပန်း သဉ္ဇာမျိုးက ဆိုသည်။ 



အဆိုပါ တိုင်ကြားစာများနှင့် ပတ်သက်၍ ပုံစံမျိုးစုံဖြင့် အခ ကြေးငွေယူကာ တိုင်စာရေးစား နေသူများရှိကြောင်း ဦးရန် အောင်က ပြောသည်။ 



‘‘အလုပ်အကိုင်၊ ဌာနအ တွင်း အရေးယူခံရသူတွေကို တစ် မျိုး၊ မြို့နယ်ရပ်ကွက်အတွင်းမှာ ဂုဏ်သိက္ခာကျဆင်းအောင် တစ် မျိုးဆိုပြီး အခကြေးငွေယူပြီး ရေး စားနေတဲ့ တိုင်ကြားစာတွေလည်း ရှိပါတယ်’’ဟု ၎င်းက ပြောသည်။ 



လိမ်လည်တိုင်ကြားသည့် စာများသည် လူမှုရေးမကျေနပ် ချက်များအပေါ် အခြေခံ ရေး သားထားကြောင်းနှင့် ယင်းတိုင် ကြားစာကြောင့် တိုင်ကြားခံရသူ၏ ဂုဏ်သိက္ခာနှင့် လူမှုအကျိုး စီးပွားကို ဖျက်ဆီးရာရောက် ကြောင်း ဦးရန်အောင်က ဆက် လက်ပြောသည်။



ရာဇသတ်ကြီးပုဒ်မ ၅၀၀ သည် အသရေဖျက်မှု ပြစ်ဒဏ် ဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ကျခံစေရန် အမိန့်ချမှတ် နိုင်သည်။

7Day

0 comments:

Post a Comment