Tuesday, February 26, 2019

ထိုင်း ပါတီသစ် ခေါင်းဆောင် တရားစွဲခံရ


ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ လူငယ်တွေကြား ရေပန်းစားနေတဲ့ “အနာဂတ်ဆီ ရှေ့သို့ချီ “ လို့ အဓိပ္ပါယ်ရတဲ့ Future Forward ပါတီ တည်ထောင်သူဟာ ကွန်ပျူတာ ရာဇ၀တ်မှု ဥပဒေနဲ့ တရားစွဲခံထားရပါတယ်။ 
အဲဒီပါတီ တည်ထောင်သူဟာ သနထုန် အမည်ရှိ အသက်၄၀ အရွယ် မော်တော်ကားပစ္စည်းဆိုင်ပိုင်ရှင် ဘီလျံနာ တဦးဖြစ်ပြီး၊ လူမှုကွန်ရက်မှာလည်း လူသိများသူတဦးဖြစ်ပါတယ်။ 

လာမယ့် မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်မယ်လို့ သနထုန် က ကြွေးကြော်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ လူထုချီတက်ပွဲမှာလည်း စစ်တပ်ခေါင်းဆောင်က ၀န်ကြီးချုပ်အဖြစ် တက်လာမယ့် အနာဂတ်မျိုး အဖြစ်မခံကြဖို့ သနထုန် က တိုက်တွန်းခဲ့ပါတယ်။ 

Facebook လူမှုကွန်ရက်မှာ စစ်အစိုးရကို ဝေဖန်မှုနဲ့ သနထုန် ကို ရဲတပ်ဖွဲ့က ကွန်ပျူတာ ရာဇ၀တ်မှု ဥပဒေနဲ့ တရားစွဲဆိုထားပြီး၊ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်ပါတယ်။ 

သူ့ကို စွဲချက်တင်သင့် မတင်သင့် လာမယ့်ဗုဒ္ဓဟူးနေ့မှာ တရားရုံးက ဆုံးဖြတ်မှာဖြစ်ပါတယ်။ 

ဒါ့ပြင် စစ်တပ် ထောက်ခံသူတွေကလည်း သူဟာ ရွေးကောက်ခံပုဂ္ဂိုလ်ရဲ့ အရည်အချင်းတွေနဲ့ မပြည့်မီကြောင်း ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားပါတယ်။ 

Photo: Lillian SUWANRUMPHA / AFP
RFA

0 comments:

Post a Comment