Tuesday, February 26, 2019

ကင်ဂျုံအန်း လာရောက်သည့်အပေါ် ဝမ်းမြောက်ကြောင်း ဗီယက်နမ်ဒေသခံများ ပြော


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း လာရောက်တာကို ဝမ်းမြောက်မိတယ်လို့ ဗီယက်နမ်နိုင်ငံနယ်စပ်က တုန်းတန်းဒေသခံတချို့က ပြောပါတယ်။ 
ဖေဖော်ဝါရီ ၂၆ ရက်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ တရုတ်-ဗီယက်နမ် နယ်စပ် ဒေါင်ဒန်းမြို့ကို ရထားနဲ့ ရောက်လာခဲ့ပါတယ်။ ဒီလိုလာရောက်တာနဲ့ ပတ်သက်ပြီး ဒေသခံတချို့က ဝမ်းမြောက်ကြောင်း ပြောကြတာပါ။ 

ဒုန်ဒန်းဒေသခံ နွန်သီညီက “ကင်ဂျုံအန်း ဗီယက်နမ်ကို လာရောက်တဲ့အတွက် ကျန်တဲ့သူတွေလိုပဲ ကျမ ပျော်ရွှင်မိပါတယ်။ လန်းဆန်ပြည်နယ်က သူ့ကို ကြိုဆိုခွင့်ရတဲ့အတွက် ကျမ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ပြောပါတယ်။ 

ဒုန်ဒန်းဒေသခံ ထရွန်ဟုန်ဒူရင်ကလည်း “လန်းဆန်ပြည်နယ်နဲ့ ဗီယက်နမ်ပြည်သူတွေ ကိုယ်စား ခေါင်းဆောင်ကင်ကို ကြိုဆိုရတဲ့အတွက် ကျမအနေနဲ့ ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ ကျမ ကင်ဂျုံအန်းကို အပြင်မှာမြင်ဖူးပြီ။ ငယ်ငယ်လေး။ ဖော်ရွေတယ်။ နောက်ပြီး သူက ချောလည်းချောတယ်” လို့ ပြောပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဟာ ဒေါင်ဒန်းဘူတာရုံကနေတဆင့် မြို့တော်ဟနွိုင်းကို မော်တော်ယာဉ်နဲ့ သွားရောက်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment