Tuesday, February 26, 2019

အလွန်ခရီးရှည်လျားသော ရထားခရီးစဉ်ဖြင့် ကင်ဂျုံအန်း ဟနွိုင်းကိုရောက်ရှိ၊ ထရမ့်နှင့် ယနေ့တွေ့မည်


မြောက်ကိုရီးယားမှသည် တရုတ်ပြည်ကိုဖြတ်ပြီး ဗီယက်နမ်အထိ ရထားခရီးရှည်ကြီး စီးလာသော ကင်ဂျုံအန်းသည် ဒုတိယအကြိမ်မြောက် အမေရိကန်-ဗီယက်နမ် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် မြို့တော်ဟနွိုင်းကို ရောက်ရှိလာပြီဖြစ်ကြောင်း AFP သတင်းက ဖော်ပြထားသည်။ 
ပထမအကြိမ် စင်ကာပူတွင် တွေ့ဆုံကြစဉ်က ကင်၏ နျူကလီးယားလက်နက်များ ပယ်ဖျက်ရေးကိစ္စကို မရေမရာဖော်ပြထားသော ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး ဒုတိယအကြိမ်တွေ့ဆုံကြရာတွင် လိုလား သဘောတူညီမှုတစ်ခုခု ရရှိရမည်ဟု သုံးသပ်သူများက ဆိုသည်။ 

ကင်ဂျုံအန်းသည် အစိမ်းရောင် သံလွင်ခက် ရထားကိုစီးကာ ဗီယက်နမ် ဒွန်ဒန်းဘူတာသို့ရောက်လာခဲ့ပြီး ၂ ရက်ခွဲကြာ ကီလိုမီတာ ၄၀၀၀ ခရီးကို နှင်ခဲ့ခြင်းဖြစ်သည်။ 

၁၉၆၄ ခုနှစ်က မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်အီးဆွန်း ဗီယက်နမ်သို့ လာခဲ့ပြီးနောက်ပိုင်း ပထမဆုံးရောက်လာသော မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်သည်။ 

ကျောင်းသူကျောင်းသားလေးများက မြောက်ကိုရီးယားအလံများ ဝှေ့ရမ်းကာ ကြိုဆိုခဲ့ကြပြီး လုံခြုံရေးလည်းတိုးမြှင့်ထားသည်။ 

လက်နက်အပြည့်အစုံဖြင့် ဗီယက်နမ် စစ်သားများ၊ ရဲများက ဘူတာအနီးတဝိုက် တင်းကျပ်စွာ စောင့်နေကြပြီး မြောက်ကိုရီးယားခေါင်းဆောင်ကို ကြိုဆိုခဲ့ကြသည်။ 

ကင်ဂျုံအန်းရှိမည့်နေရာ၏ ကီလိုမီတာ ၁၇၀ ကို ဗီယက်နမ်အာဏာပိုင်က ပိတ်ဆို့ထားခဲ့သည်။ 

ထရမ့်က Air Force One နှင့် လာမည်ဖြစ်ပြီး ဟနွိုင်းသို့ အင်္ဂါနေ့တွင်ပင် ရောက်ရှိမည်ဖြစ်သည်။ အလုပ်ဖြစ်မည့် ဒုတိယအကြိမ် အစည်းအဝေးကို မျှော်လင့်ထားကြောင်း ထရမ့်က Twitter တွင် ရေးသားထားသည်။ 

နျူကလီးယားလက်နက်ကိုသာ မြောက်ကိုရီးယားက စွန့်လိုက်မည်ဆိုပါလျှင် မြောက်ကိုရီးယားသည် စီးပွားရေးပါဝါ ဖြစ်လာလိမ့်မည်ဟု အမေရိကန်သမ္မတက ပြောဆိုထားသည်။ 

“ဥက္ကဋ္ဌကင်အနေနဲ့ ဉာဏ်ပညာရှိတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်နိုင်မှာပါ”ဟု ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။ 

The Voice

0 comments:

Post a Comment