Tuesday, February 26, 2019

တရားမဝင်,ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၄)ဦးနှင့် ခေါ်ဆောင်လာသူ (၂)ဦးအား အရေးယူထား


၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ၂၅ ရက်နေ့ နံနက်၁၁ နာရီ ၃၀ မိနစ်က မိုးကောင်းမြို့နယ်မရန်ကထောင်စစ်ဆေးရေးဂိတ် ၌ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင် သည့်ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမှဖားကန့်သို့မြစ်ကြီး နားမြို့၊ ရွှေညောင်ပင်ရပ်ကွက်နေ အောင်လင်း (၄၅)နှစ် မောင်းနှင်ပြီး အောင်နန်းရပ်ကွက်နေ အောင်ထွန်းမင်း (၄၇)နှစ် လိုက်ပါလာသည့် 5M/×××× AD Van ယာဉ်ပေါ် မှ တရုတ်နိုင်ငံသား လီချွင့်(၅၂)နှစ်၊ ဟူနန်မြို့၊ တရုတ်နိုင်ငံ နေသူပါ တရုတ်နိုင်ငံသား(၄)ဦးအားတွေ့ရှိသဖြင့် စစ် ဆေးခဲ့သည်။ 
စစ်ဆေးချက်အရ အဆိုပါတရုတ်နိုင်ငံသား(၄)ဦးအား အောင်လင်းပါ(၂)ဦးက ဖားကန့်မြို့နယ်ရှိကျောက်လုပ်ကွက်များသို့လိုက်လံပြသပေးမည်ဟုပြောဆိုကာ ကန်ပိုက် တီမှ ၁ ဦးလျှင် တရုတ်ယွမ်(၅၀၀)စီဖြင့် ခေါ်ဆောင်လာခဲ့ ကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်၎င်းတို့ (၄)ဦး သည် ကန်ပိုက်တီသို့ တရုတ်နိုင်ငံမှ တရားမဝင်,ဝင်ရောက် လာခဲ့ပြီး ဖားကန့်မြို့နယ်ရှိ ကျောက်လုပ်ကွက်များအား လေ့လာရန် မော်တော်ယာဉ်ဖြင့် လိုက်ပါလာစဉ် ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

အောင်လင်းပါ(၂)ဦးနှင့်လီချွင့်ပါ(၄)ဦးတို့အားမိုးကောင်း မြို့ မရဲစခန်း (ပ)၁၈/၂၀၁၉၊ လဝကအက်ဥပဒေပုဒ်မ ၁၃ (၁)/၁၃(၂)/၁၃(၅)ဖြင့် အရေးယူထားသည်။ 

Creditး ရဲဇာနည် 
The Ladies News

0 comments:

Post a Comment