Tuesday, February 26, 2019

သူခိုးပါတီဟုပြောနေသူများသက်သေရှိပါက ထောက်ပြတရားစွဲနိုင်ကြောင်း ပြည်ခိုင်ဖြိုးတုံ့ပြန်



ပြည်ခိုင်ဖြိုးပါတီကို သူခိုးပါတီဟုပြောဆိုနေသော ပုဂ္ဂိုလ်များအနေဖြင့် သက်သေအထောက်အထားရှိပါက တစ်ဦးတစ် ယောက်ချင်းကိုထောက်ပြကာ ကြိုက်သည့်ပုဒ်မဖြင့် တရားစွဲဆိုနိုင် ကြောင်း ယင်းပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။ 


‘‘ပါတီတွင်းပြုပြင်ပြောင်းလဲမှုမြောက်မြားစွာရှိပါတယ်။ အဲဒီလိုမျိုးစွပ်စွဲခံရမယ့်ပုဂ္ဂိုလ်မျိုးရှိရင်လည်း လက်ညှိုးထိုးပါ’’ ဟု ဦးသိန်းထွန်းဦးက ဆိုသည်။ 



ယမန်နေ့(ဖေဖော်ဝါရီ ၂၅ ရက်)က နေပြည်တော်ရှိပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက မီဒီယာများ၏ မေးမြန်းမှုကိုပြော ကြားခြင်းဖြစ်သည်။ 



‘‘မိမိတို့ ပြည်ခိုင်ဖြိုးပါတီ သည် သူခိုးပါတီမဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခုက စွပ်စွဲပြော ဆိုနေမှုသာဖြစ်ပါတယ်။ မည် သည့်အဖွဲ့အစည်း၊ မည်ကဲ့သို့ သောပုဂ္ဂိုလ်များ ဘယ်ကဲ့သို့ ဆောင်ရွက်နေကြသလဲဆိုတာကို အားလုံးကနေပြီးတော့ ကြည့် တတ်ရင်မြင်သာပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။ 



ဆက်လက်၍ ‘‘ထို့အတူပဲ အခုလက်ရှိတာဝန်ယူနေသော ပုဂ္ဂိုလ်တွေကော ဘယ်လောက် သန့်ရှင်းပြီလဲ။ သူတို့ ၂၀၁၅ က နေပြီးတော့ ၂၀၁၉ ကိုရောက်လာ ပြီ။ တကယ်သန့်သန့်ရှင်းရှင်းလုပ် နိုင်ပြီလား။ ပြည်သူက ဆိုင်းဘုတ် ထောင်ပြီးတော့ ဖြုတ်ချပေးပါ ဆိုသူတွေ ဒီနေ့ပြုတ်ပြီလား။ တစ် ချိန်တုန်းက ပြောခဲ့တယ်၊ ပြည် သူကလက်မခံရင် အာဏာကိုစွဲ ကိုင် မထားပါဘူးဆိုတဲ့ဟာ သူတို့ မဟုတ်သလိုပဲ။ မလုပ်ဖူးသေး တော့ မခိုးဘူးထင်ကြပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။ 



ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့် ရှိသူရှင်းလင်းချက်နှင့်ပတ်သက်၍ ‘‘သူတို့ပြောကြားချက်ကတော့ သူတို့ရဲ့နိုင်ငံရေးပါတီကို ကာ ကွယ်တာပေါ့။ ကာကွယ်တယ်လို့ ပဲပြောရမှာပေါ့ဗျာ။ အဲဒီတော့ ခိုး တဲ့လူကို တရားစွဲပေါ့။ ဒါပဲရှိတာ ပဲ’’ ဟု နိုင်ငံရေးလေ့လာသုံးသပ် သူ ဦးမောင်မောင်စိုးက သုံးသပ် ပြောကြားသည်။ 



တပ်မတော်မှ လွှတ်တော်တွင် ပါဝင်မှု 



ဖွဲ့စည်းပုံအရ လွှတ်တော် တွင်တပ်မတော်သား ၂၅ ရာ ခိုင်နှုန်းပါဝင်နေမှုသည် နိုင်ငံ၏ လက်ရှိပကတိလိုအပ်ချက်ဖြစ်ပြီး အမျိုးသားရေးရည်မှန်းချက်ပေါ် မူတည်၍ ပါဝင်နေရခြင်းဖြစ်သည် ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိ သူများက ရှင်းလင်းပြောကြား သည်။ 



‘‘တိုင်းပြည်ကမောက်ကမ ဖြစ်လို့ တပ်မတော်ကပြန်ပြီးတော့ နိုင်ငံတော်ရဲ့အချုပ်အခြာအာ ဏာကို ထိန်းရတဲ့ဟာ ကျွန်တော် တို့တိုင်းပြည်မှာ အနည်းဆုံးလေး ကြိမ်ဖြစ်ခဲ့ပြီးပြီ။ အဲဒီတော့ နောက်တစ်ကြိမ်ကျွန်တော်တို့ မဖြစ်ချင်တော့ဘူး။ မဖြစ်ချင် တော့တဲ့အတွက် ကျွန်တော်တို့ ဒီနိုင်ငံရေးကို စိတ်ဝင်စားနေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်း၊ ပါတီအသီး သီးရဲ့ နိုင်ငံနဲ့လူမျိုးအပေါ်မှာ ခံ ယူနိုင်တဲ့ခံယူချက်၊ ယုံကြည် ချက်၊ အမျိုးသားရေးမျှော်မှန်း ချက်။ ဒီဟာနဲ့အတိမ်အနက်ပေါ် မှာမူတည်ပြီးတော့ ဒီရာခိုင်နှုန်းက ရှိနေတာဖြစ်ပါတယ်’’ ဟုပြည်ခိုင် ဖြိုးအမတ် ဦးသောင်းအေးက ပြောသည်။ 



နိုင်ငံရေးဆောင်ရွက်ရာတွင် ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ၊ ပါတီစွဲ၊ အာဏာ စွဲများမထားရှိဘဲ ပြည်သူလူထု၏ အကျိုးစီးပွားကိုသာမျက်နှာမူ သည့်နိုင်ငံရေးပါတီများ၊ နိုင်ငံ ရေးသမားများနှင့် လူပုဂ္ဂိုလ်အဖွဲ့ များဖြစ်လာပါက တပ်မတော်က ပါဝင်သည့် ရာခိုင်နှုန်းသည် တောင်းဆိုစရာမလိုဘဲ လျော့ နည်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ 



ခြေဥပြင်ဆင်ရေး 



ထို့အပြင် လက်ရှိအာဏာရ ပါတီကဦးစီးဆောင်ရွက်နေသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ် သက်၍လည်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ‘‘လုံးဝလက်ခံသ ဘောတူပါတယ်။ ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက်တဲ့ဥပဒေပုဒ်မတွေ ကို ပြင်ဆင်သင့်၊ ပြင်ဆင်ထိုက် တဲ့အခြေအနေမှာ နိုင်ငံတော်နဲ့ နိုင်ငံသားရဲ့အမျိုးသားအကျိုးစီး ပွားအတွက် ပြင်ဆင်ဆောင်ရွက် သွားမယ်။ ဥပဒေနဲ့အညီ ဆက် လက် ဆောင်ရွက်သွားပါမယ်’’ ဟု ဆက်လက်ပြောသည်။

7Day

0 comments:

Post a Comment