Tuesday, February 26, 2019

မောင်တောမြို့၌ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ် သုံးစွဲသည်ဟု ယူဆရသူများအား ဖမ်းမိ


မောင်တောမြို့၌ မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ် သုံးစွဲသည်ဟု ယူဆရသူများအား စိတ်ကြွဆေးပြား ၂၅ ပြား၊ ငွေကျပ် ၂၄ သိန်းကျော်နှင့် လက်ကျန်ငွေကျပ် သိန်း ၅၀ ကျော်ရှိသည့် ဘဏ်စာအုပ်တစ်အုပ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 
လုံခြုံရေးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီခန့်တွင် မောင်တောမြို့ (၄) မိုင် ရပ်ကွက်၊ မကျီးချောင်း၌ ရပ်တန့်ထားသော မော်တော်ယာဉ်တစ်စီးအား စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ခန်း၌ မူးယစ်ဆေးဝါး သုံးစွဲနေသော ပုဏ္ဏားကျွန်းမြို့နယ်၊ စံပြရပ်ကွက် နေ မြင့်စိုး (ခ) ခိုင်ကျော်မင်း၊ မောင်တောမြို့ (၆) မိုင်ရပ်ကွက်နေ ထွန်းထွန်းကျော် (ခ) အောင်ကျော်သိန်းတို့အားလည်းကောင်း၊ ယာဉ်အနီးတွင် ၎င်းတို့နှင့်အတူ ပါလာသော မောင်တောမြို့ (၄) ရပ်ကွက်နေ ဇော်ဆီတိ နှင့် ကျန်သိန်းဝေတို့အားလည်း ကောင်း တွေ့ရှိကာ စိတ်ကြွဆေးပြား ၂၅ ပြား၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ငွေကျပ် ၂၄ သိန်း ၆ သောင်း၊ မြင့်စိုးအမည်ပါ ဘဏ်ငွေစု စာအုပ် တစ်အုပ် (လက်ကျန်ငွေကျပ် ၅၁ သိန်းကျော်)တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

၎င်းတို့အား စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများမှာ မောင်တောမြို့နယ် ဝေသာလီ ကျေးရွာနေ မောင်အ၀င်းချေ၏ ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့် မောင်အ၀င်းချေ၏ နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းမှာ ရှောင်တိမ်းနေပြီး မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ ရှိခြင်း မရှိကြောင်း၊ တိမ်းရှောင်တရားခံ မောင်အ၀င်းချေ နှင့် မြင့်စိုး (ခ) ခိုင်ကျော်မင်းတို့ အပါအ၀င် လေးဦးအား အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့သည် မူးယစ်ဆေးဝါး သယ်ဆောင်၊ ရောင်းဝယ်၊ သုံးစွဲမှုများတွင် ဆက်စပ် လုပ်ကိုင်နေသူများဟု ယူဆရကြောင်း၊ ဖမ်းဆီးရမိ ထွန်းထွန်းကျော် (ခ) အောင်ကျော်သိန်းမှာ မောင်တောမြို့မရဲစခန်းမှ ကွင်း ဆက် တရားခံပြေး တစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။ 

The Ladies News

0 comments:

Post a Comment