Tuesday, February 26, 2019

ဖမ်းမိ ဆင်စွယ် ဆင်အစိတ်အပိုင်းနှင့်တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဒေါ်လာတစ်သန်းကျော်ဖိုး မီးရှို့ဖျက်ဆီးမည်

တရားမဝင်ကုန်သွယ်မှု များမှ ဖမ်းမိသော ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနှင့် တောရိုင်း တိရစ္ဆာန်အစိတ်အပိုင်း ကီလို ဂရမ် ၇၀၀ ကျော်ကို ရန်ကုန်မြို့ တွင် မီးရှို့ဖျက်ဆီးမည်ဟု သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန ညွှန်ကြားရေး မှူး ဦးဝင်းနိုင်သော်က ပြောသည်။ 
တောရိုင်းတိရစ္ဆာန်အစိတ် အပိုင်းများ မီးရှို့ဖျက်ဆီးမှုသည် ဒုတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း (ကျပ်သိန်းတစ်သောင်းခြောက်ထောင် ကျော်) တန်ဖိုးရှိ ဆင်စွယ်၊ ဆင် အစိတ်အပိုင်း၊ အခြားတောရိုင်း တိရစ္ဆာန်များ၏ သားရေမျိုးစုံ၊ ဦးချိုမျိုးစုံတို့ ပါဝင်သည်။ 

ဆင်စွယ်၊ ဆင်အစိတ်အ ပိုင်းနှင့် တောရိုင်းတိရစ္ဆာန်အစိတ် အပိုင်းများကို မတ်လ ၃ ရက် တွင် ကျရောက်မည့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ အခမ်းအနား၌ မီးရှို့ဖျက်ဆီးမည်ဖြစ်သည်။ 

တောရိုင်းတိရစ္ဆာန်အစိတ် အပိုင်းများ ဖျက်ဆီးရခြင်းသည် မျိုးဆက်ပျက်သုဉ်းလုဆဲ တော ရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် များ၊ နိုင်ငံတကာ ရောင်းဝယ်မှု ဆိုင်ရာ ကွန်ဗင်းရှင်း CITES သဘောတူညီချက်အရ ဆောင် ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် လည်း အဖွဲ့ဝင်နိုင်ငံဖြစ်၍ ထိုသို့ ဆောင်ရွက်ခြင်းဖြစ်သည်။ 

ဆင်စွယ်၊ ဆင်အစိတ်အ ပိုင်းနှင့် တောရိုင်းတိရစ္ဆာန်အစိတ် အပိုင်းများကို ၂၀၁၈ အောက်တို ဘာ ၄ ရက်က နေပြည်တော်၌ ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေါ်လာ ၁ ဒသမ ၃ သန်းတန်ဖိုးရှိ ဆင်စွယ် ၂၇၇ ချောင်း၊ ကျားနှင့် တောကြောင် အရိုးမျိုးစုံ၊ သားရေမျိုးစုံ၊ ဦးချို မျိုးစုံနှင့် အခြားအစိတ် အပိုင်းများ စုစုပေါင်းအလေးချိန် ၈၄၉ ဒသမ ၂၉၅ ကီလိုဂရမ် ပါရှိခဲ့သည်။

7Day

0 comments:

Post a Comment