Tuesday, February 26, 2019

တရားမဝင်, ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားကို အုတ်ခုံ၌ အရက်မူး၍ အိပ်ပျော်နေစဉ် ဖမ်းဆီးရမိ


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ကချမ်းအေးသာစံမြို့နယ်၊စိတ္တရမဟီရပ်ကွက် ၇၆ လမ်း၊ ၂၆×၂၇ လမ်းကြား "သိန်းမမစတိုး" ပရိဘောဂ အရောင်းဆိုင်ရှေ့အုတ်ခုံ၌ အရက်မူး၍အိပ်ပျော်နေသော တရုတ်နိုင်ငံသား Mr. Lin Chen (၂၇)နှစ်၊ Hezhou မြို့၊ တရုတ်နိုင်ငံနေသူအား တွေ့ရှိသဖြင့် စစ်မေးခဲ့သည်။ 
စစ်ဆေးချက်အရ ၎င်းသည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင် တရုတ်နိုင်ငံ ကြယ်ခေါင်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင်, ဝင်ရောက်လာခဲ့ကြောင်း၊ မြန်မာ နိုင်ငံမှအမျိုးသား ၁ဦး(စိစစ်ဆဲ)နှင့်မူဆယ်မြို့စားသောက် ဆိုင်၌ အလုပ်အကြောင်းပြောဆိုပြီး အရက်သောက်စား ခဲ့ကြောင်း၊ ထို့နောက် မော်တော်ယာဉ်ဖြင့် တင်ပို့လိုက်၍ မန္တလေးမြို့အနီးရှိတံတား (စိစစ်ဆဲ)တွင် ယာဉ်မောင်းက ချပေးခဲ့ကြောင်း၊ ၎င်းက လမ်းလျှောက်ဝင်ရောက်လာပြီး မန္တလေးမြို့ထဲ၌ ၃ ရက်တိတိ လှည့်လည်နေထိုင်ခဲ့ပြီး မန္တ လေးမြို့၌ မျက်စိလည်နေ၍ အုတ်ခုံပေါ်တွင် အိပ်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

Mr. Lin Chen အား ချမ်းအေးသာစံမြို့မရဲစခန်း (ပ) ၁၈၇/၂၀၁၉၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အရေး ယူထားသည်။ 

Creditး ရဲဇာနည် 
The Ladies News

0 comments:

Post a Comment