Tuesday, February 26, 2019

သခင်စစ်ကုမ္ပဏီက ချုပ်နှောင်ထားသည့် မြစ်ကြီးနားဂျာနယ်သတင်းထောက်နှစ်ဦးကို ရဲတပ်ဖွဲ့အကူအညီဖြင့် ခေါ်ဆောင် ချုပ်နှောင်ခြင်း၊ ရိုက်နှက်ခြိမ်းခြောက်ခြင်းတို့ကြောင့် သတင်းထောက်က ကုမ္ပဏီတာဝန်ရှိသူများကို အမှုဖွင့်

မြစ်ကြီးနားဂျာနယ်၏ သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး ဆွေးနွေးရန်ဟုဆိုကာ သခင်စစ် သတ္တုတူးဖော်ရေးကုမ္ပဏီတာဝန် ရှိသူများက သတင်းထောက်နှစ်ဦး ကို ခေါ်ဆောင်သွားပြီး ဖမ်းဆီး ချုပ်နှောင် ခြိမ်းခြောက်ခြင်း ကြောင့် ရဲတပ်ဖွဲ့အကူအညီဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း ဂျာနယ်တာဝန်ရှိသူများက ပြောသည်။ 
မြစ်ကြီးနားဂျာနယ်က ဖော် ပြခဲ့သည့် တစ်သျှူးငှက်ပျောစိုက် ပျိုးမှုသတင်းတွင် သခင်စစ်ကုမ္ပ ဏီအမည်ပါဝင်ခြင်းအပေါ် မကျေနပ်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက် နံနက်၌ ကုမ္ပဏီတာဝန်ရှိသူများ က ခေါ်ဆောင်ရာ သတင်းရေး သားသူ မမွန်းမွန်းပန်နှင့် သတင်း ထောက် ကိုအဂျယ်တို့က ဝိုင်းမော် မြို့နယ်ရှိ ကုမ္ပဏီရုံးသို့ သွား ရောက်ခဲ့သည်ဟု ဂျာနယ်တာ ဝန်ရှိသူက ပြောသည်။ 

‘‘ရောက်ပြီဆိုတာနဲ့ သူတို့ နှစ်ယောက်ကို အရင်ထိုင်ခိုင်း တယ်။ မွန်းမွန်းပန်က ဖုန်းထပြောနေတာ။ အဲဒီမှာ အဂျယ်က ပေါင် နည်းနည်းကားပြီး ထိုင်ထားသလို ဖြစ်တာကို သူဌေးက ဆင်းလာ တယ်။ အဲဒီသူဌေးက မင်း အဲဒီလို မထိုင်နဲ့ မင်းအရမ်းရိုင်းတယ်ပေါ့။ ပြီးတော့ ဒီသတင်းရေးတဲ့အထဲမှာ မင်းပါလားလို့ ပြောတော့ သတင်း မှာ ကျွန်တော်မပါဘူး။ သူ့ကို အ ဖော်လိုက်ခဲ့ပေးတာဆိုတော့ အဲဒါနဲ့ သူဌေးက ရင်ဘတ်ကနေ ကိုင် လိုက်ပြီးတော့ အဲဒီကောင်ကို ဟို ဘက်ခြံမှာ ဖမ်းထားလိုက်လို့ ပြောတယ်တဲ့။ မွန်းမွန်းပန်ကလည်း အဂျယ်မရှိရင် ကျွန်မလည်း မနေ ဘူးဆိုတော့ မင်းက နေရမယ် လာဆိုပြီးတော့ သူ့ကို အဲဒီက သုံး၊ လေးယောက်လောက်က ထိုင်တဲ့။ အဲဒီအချိန်မှာ မွန်းမွန်းပန်က ဖုန်းပြောနေတော့ သူ့ဖုန်းကိုပါ ယူလိုက်တာ။ အဲဒီမှာ သတင်းစာနဲ့ မင်းတွေ့လားဆိုပြီး မျက်နှာ ကို သတင်းစာနဲ့ ရိုက်ပစ်လိုက် တာ’’ဟု မြစ်ကြီးနားဂျာနယ် သတင်းထောက် ကိုစည်သူက ဖြစ်စဉ်ကို ရှင်းပြသည်။ 

သတင်းထောက် ကိုအဂျယ် ကို အခြားခြံသို့ ခေါ်ဆောင်သွား စဉ် ၎င်းက မမွန်းမွန်းပန်အား ဆွဲခေါ်နေသည့်ပုံကို ဓာတ်ပုံရိုက်ပြီး မြစ်ကြီးနားဂျာနယ် သတင်းအဖွဲ့ ထံသို့ ပေးပို့ခဲ့၍ မြစ်ကြီးနားဂျာ နယ်က ၎င်းတို့သတင်းထောက်နှစ် ဦး ဖမ်းဆီးခံထားရကြောင်း ဂျာနယ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြခဲ့သည်။ 

သတင်းတက်လာတာမြင် တော့ ချက်ချင်း အဲဒီသတင်းကို ဖြုတ်ချပေးပါ။ မဖြုတ်ချဘူးဆိုရင်  သတင်းထောက်အမျိုးသားကို ထိုင်ထတစ်သိန်းလုပ်ခိုင်းတယ်။ ကျွန်တော်တို့ကလည်း ဖြုတ်ချ မယ်၊ မဖြုတ်ချဘူး အကြိတ်အ နယ် ဆွေးနွေးပြီး နောက်ပိုင်းတော့ ကိုယ့်လူနာမှာ စိုးလို့ ဖြုတ်ချပေး လိုက်တယ်’’ဟု ဂျာနယ်အမှု ဆောင်အရာရှိချုပ် ဦးဘရန်မိုင်က ပြောသည်။ 

သတင်းထောက် ကိုအဂျယ် သည် ထိုင်ထအခါသုံးရာခန့် လုပ် ခဲ့ရသည်ဟုလည်း ၎င်းက ရှင်းပြ သည်။ 

‘‘ကျွန်တော်တို့ကိုယ်တိုင် ရဲ တွေနဲ့ သွားခေါ်တာ။ ရဲက လေး၊ ငါး ယောက်လောက်ရှိမယ်။ နောက် နယ်ထိန်းခေါင်းဆောင်ပါ ရောက် လာတယ်။ ရဲတွေနဲ့ သွားခေါ်တော့ခေါ်သွားလို့ရတယ်’’ဟု သတင်း ထောက်နှစ်ဦးကို သွားရောက်ခေါ် ဆောင်ခဲ့သူလည်းဖြစ်သည့် ကို စည်သူက ပြောသည်။ 

ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ လာချိန်တွင် ကုမ္ပဏီသူဌေးဆိုသူ က ‘‘ငှက်ပျောက ငါတို့ မစိုက်ဘူး။ အဲဒါကို ငှက်ပျောစိုက်ပါတယ် တဲ့။ နွားတွေလည်း ရေသောက် စရာမရှိဘူးတဲ့။ အဲဒါကြောင့်မို့လို့ ဒီလိုမရေးနဲ့လို့ ငါပြောတာ။ မင်း တို့သတင်းစာဆိုတာ မှန်တာ ရေး ရမှာလို့’’ ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ များအား ပြောကြားကြောင်း မြစ် ကြီးနားဂျာနယ်သတင်းထောက် က ပေးပို့သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။ 

ကုမ္ပဏီက သတင်းထောက် နှစ်ဦးကို ဖမ်းထားသည်ဆို၍ လာရောက်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ဝင်က ရှင်းပြသည်။ ကုမ္ပဏီအမျိုး သမီးဝန်ထမ်းတစ်ဦးကမူ သတင်း ထောက်နှစ်ဦးကို ဖမ်းဆီးခြင်းမ ဟုတ်ကြောင်း ပြန်လည် ပြောဆို သည်။ 

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သတင်းထောက်နှစ်ဦးကို ဖမ်း ဆီးချုပ်နှောင်ခြင်း၊ ခြိမ်းခြောက် ခြင်း၊ နာကျင်စေခြင်းများကြောင့် ကုမ္ပဏီတာဝန်ရှိသူများကို ဝိုင်း မော်မြို့နယ်ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း မြစ်ကြီးနားဂျာနယ် သတင်းထောက် ကိုစည်သူက ဖေဖော်ဝါရီ ၂၆ ရက် ညနေတွင် ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်ရဲတပ်ဖွဲ့ ထံ ယမန်နေ့က ဆက်သွယ်ရာ ဖုန်းအဆက်အသွယ်မရပေ။

7Day

0 comments:

Post a Comment