Tuesday, February 26, 2019

ရဲသက်သေရှာဖွေစဉ်က မိုးအောင်ရင်၏ လွယ်အိတ်ထဲမှ အိုက်(စ်)များတွေ့ရှိခဲ့သောကြောင့် အယူခံဝင်မှုကို ပယ်ချခြင်းဖြစ်ဟုဆို


ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်၏ အယူခံဝင်ထားမှုအမိန့်ကို ပယ်ချလိုက်ခြင်းမှာ အောက်ရုံး(ပုဇွန်တောင်မြို့နယ်တရားရုံး)အမိန့်ကို မှန်ကန်သည်ဟု အတည်ပြုခဲ့ပြီး ရဲသက်သေရှာဖွေစဉ်က မိုးအောင်ရင်၏ လွယ်အိတ်ထဲမှ အိုက်(စ်) ၁ ဂရမ်တွေ့ရှိခဲ့သောကြောင့်ဖြစ်ကြောင်း တရားရုံးမှ သိရသည်။ 
အဆိုပါအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် ယနေ့(ဖေဖော်ဝါရီလ ၂၇ ရက်)က ပယ်ချမိန့်ချမှတ်ခဲ့ပြီး ထိုကဲ့သို့ချမှတ်မှုနှင့်ပတ်သက်၍ တရားခွင်တွင် တရားသူကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့သည်။ 

သရုပ်ဆောင်မိုးအောင်ရင်သည် ပုဇွန်တောင်မြို့နယ်တရားရုံးက မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည့်အမိန့်နှင့်ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ ဒီဇင်ဘာလ ၂၇ ရက်က ရာဇဝတ်အယူခံမှုအမှတ်-၁၈၁/၂၀၁၈ ဖြင့် အယူခံလျှောက်ထားခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင် အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ခြင်းဖြစ်သည်။ 

လက်ရှိတွင် သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးမှုဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ၁၂ နှစ်နှင့် ပုဇွန်တောင်မြို့နယ်တရားရုံးမှ ၅ နှစ် စုစုပေါင်းထောင်ဒဏ် ၁၇ နှစ် ချမှတ်ထားသည်။

နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)


0 comments:

Post a Comment