မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး “ရှမ်းရိုးမ-၂” စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်စဉ် မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၂၄)လားရှိုး(နောင်ချိုလှုပ်ရှား)မှ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၁၈၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၈ ရက်နေ့ ၁၀၄၅ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး(နောင်ချို လှုပ်ရှား)မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေး သွားပြည် ထောင်စုကားလမ်း ပေါ်တွင် ကွတ်ခိုင်မြို့နယ်ဘက်မှ မန္တလေးဘက်သို့ ကွတ်ခိုင်မြို့နယ်၊ မန်ပြိန်းကျေးရွာနေသူများ ဖြစ်သည့် သန့်ဇင်ဦး(ခ)သားငယ် ၃၀ နှစ်မောင်းနှင်ပြီး ဆာအောင်(ခ)အိုက်အောင် ၂၆ နှစ် စီးနင်း လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈၀၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး အဆိုပါဆေးပြားများအား လက်ခံရယူမည့် ကျောက်ဆည်မြို့နယ်၊ သိုတန်ကျေးရွာအုပ်စု၊ သိုတန်ကျေးရွာနေ ကျော်နိုင်(ခ)အောင်မျိုးထက် ၂၆ နှစ်အား ၁၄၃၀ အချိန်တွင် ကျောက်ဆည်မြို့၌ လက်ကိုင်ဖုန်း ၁ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် နောင်ချိုမြို့မရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း လည်း ထုတ်ပြန်ချက်အရ သိရသည်။
The Ladies News
0 comments:
Post a Comment