၅ နှစ်အတွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများ ဟောလိဝုဒ်သို့ရောက်ရှိနိုင်ရန် ဆုတောင်းကြောင်း ထပ်ဆင့်အကယ်ဒမီစင်ရော်မောင်မောင်က ပြောသည်။
ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်ခန်းမတွင် ဇူလိုင် ၂၈ ရက်ကကျင်းပသော ကမ္ဘာ့အသည်းရောဂါ အထိမ်းအမှတ်အခမ်းအနားတွင် အကုန်သိသတင်းဌာနသို့ ဖြေကြားပေးခြင်းဖြစ်သည်။
“ကံကြမ္မာပေါ့။ ဒီ ၁ နှစ်၊ ၂ နှစ်အတွင်းမှာရိုက်သည့်ကားသည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားနိုင်လား။ ကျွန်တော်ထင်တယ် ၅ နှစ်လောက်နေရင်တော့ရောက်လာလိမ့်မယ်လို့ ဆုတောင်းပါတယ်’’ ဟု ဒါရိုက်တာစင်ရော်မောင်မောင်က ပြောသည်။
လက်ရှိတွင် မြန်မာ့ရုပ်ရှင်လောကတွင် သရုပ်ဆောင် မင်းသား၊ မင်းသမီးများရှားပါးနေကြောင်း၊ ထို့အတူရုပ်ရှင်ရုံများအရေအတါက်လည်း မြန်မာနိုင်ငံတွင်လိုအပ်နေသေးကြောင်း၊ ရုံမတင်ရသေးသည့် ဇာတ်ကား ၂၀၀ကျော်ရှိနေဟု ၄င်းက ဆက်ပြောသည်။
“သရုပ်ဆောင်သစ်တွေကိုတင်ရိုက်တဲ့ ဇာတ်ကားရှိတယ်။ အနုပညာရှင်အသစ်တွေ အများကြီး ပေါ်ထွန်းလာမယ်။ ဒါရိုက်တာသစ်တွေအများကြီးပေါ်ထွန်းလာမယ်။ စက်ဒီဇိုင်နာတွေ ပေါ်ထွန်းလာမယ်။ဒါကတော့ မလွဲမသေလိုအပ်တဲ့အရာပါ’’ဟု ဒါရိုက်တာစင်ရော်မောင်မောင်က ပြောသည်။
ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးရာတွင် စတူရီယိုခန်းမ အသုံးပြုရိုက်ကူးရသောဇာတ်ကားများရှိသကဲ့သို့ ရုပ်ရှင်ပိုင်းအတတ်ပညာနည်းပညာများအသုံးပြု၍ ရိုက်ကူးရသောဇာတ်ကားများလည်းရှိကြောင်း သိရသည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )
0 comments:
Post a Comment