ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်ရှိတဲ့ ဘင်္ဂလီတွေကို လာမယ့်စက်တင်ဘာလမှာ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေရှ့်အစိုးရအဖွဲ့အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး အေကေအဒူလ်မိုမန်ဟာ ဒါကာမြို့မှာဘင်္ဂလီတွေ ပြန်ပို့ရေးအစီစဉ်အတွက် ပြောသွားခဲ့တာဖြစ်ပါတယ်။
“ ဘင်္ဂလီတွေပြန်ပို့ရေး က စက်တင်ဘာလမှာ စတင်မယ်လို့မျှော်လင့်ပါတယ်။ ၀န်ကြီးချုပ်ရှိတ်ဟာစီနာ ဟာလည်း တရုတ်နိုင်ငံကိုသွားခဲ့တယ်။ အဲဒီလိုမျိုးသွားခဲ့တာ က ဘင်္ဂလီတွေ ပြန်ပို့မယ့်အစီစဉ်ကို ပိုမြန်လာစေတယ်။ “ လို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဘင်္ဂလီတွေ ပြန်ပို့ရေးအစီစဉ်နဲ့ပတ်သက်လို့မိတ်ဆွေနိုင်ငံတွေ ဆီကနေ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုမျိုး ရရှိထားကြောင်း ၊ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်ရှိနေတဲ့ ဘင်္ဂလီအရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုတွေလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်မှာ ဘင်္ဂလီအကြမ်းဖက်အဖွဲ့ ARSA ကတိုက်ခိုက်မှုလုပ်ခဲ့ရာ အစိုးရအဖွဲ့က နယ်မြေရှင်းလင်းချိန်အတွင်း ဘင်္ဂလီအများအပြားဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့်နိုင်ငံကို ရခိုင်ပြည်နယ်က ဘင်္ဂလီ ၇သိန်းကျော် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
နေ၀န်း
0 comments:
Post a Comment