(၂၀၁၅)အီရန်နျူကလီးယားသဘောတူစာချုပ်ပါအဖွဲ့ဝင်နိုင်ငံတွေကြား အခုလ(၂၈)ရက်က Vienna မှာပြုလုပ်ခဲ့တဲ့ အရေးပေါ်အစည်းအဝေးဟာ အပြုသဘောဆောင်ခဲ့တယ်လို့ အီရန်အရာရှိတစ်ဦးကပြောပါတယ်။
အီရန်နိုင်ငံရဲ့ထိပ်တန်း နျူကလီးယားညှိနှိုင်းသူ ABBAS ARAQCHI က" အကုန်လုံး ဖြေရှင်းပြီးပြီလို့တော့ ကျနော် မပြောနိုင်ပေမယ့်၊ နျူကလီးယားသဘောတူစာချုပ်ဆက်လက်ရှိနေရေးနဲ့ ပူးတွဲလှုပ်ရှားမှု အစီအစဉ် (JCPOA)ဆိုင်ရာ ကတိက၀တ်တွေအများကြီးရှိခဲ့ပါတယ်ဆိုပြီးတော့ ပြောပါတယ်။
ဥရောပနိုင်ငံတွေအနေနဲ့ အီရန်နျူကလီးယားစာချုပ်ကို မပျက်အောင် မကာကွယ်နိုင်ဘူးဆိုရင် အီရန်နိုင်ငံအနေနဲ့ စာချုပ်ပါကတိက၀တ်တွေလျှော့ချဖို့ ဆက်လုပ်သွားမယ်ဆိုပြီးတော့ အစည်းအဝေးအပြီးမှာ အရာရှိတစ်ဦးက သတိပေးခဲ့ပါတယ်။ နျူကလီးယားသဘောတူစာချုပ်ပါအချက်တွေကိုအီရန်ဘက်ကချိုးဖောက်မှုကြောင့်ရယ်၊ ပင်လယ်ထဲမှာထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေရယ်အပါအ၀င် အီရန် နဲ့ အနောက်နိုင်ငံများကြားတင်းမာမှုတွေမြင့်တက် လာကို ဖြေရှင်ပေးဖို့အတွက် အခု အရေးပေါ်အစည်းအဝေး ကျင်းပခဲ့တာဖြစ်ပါတယ်။
အခုလ(၄)ရက်က ဗြိတိန်ရေပိုင်နက်ဖြစ်တဲ့ ဂျီဘရော်လ်တာ ရေလက်ကြားမှာ အီရန်ရေနံတင်သင်္ဘောတစ်စီးကို ဗြိတိန်တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက် (၂)ပတ်အကြာမှာ အီရန်တော်လှန်ရေးအစောင့်တပ်က ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို တုံ့ပြန်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ တော်ဝင်ရေတပ်ဖျက်သင်္ဘောကြီး HMS Duncan ဟာ ဗြိတိန်စစ်သင်္ဘောငယ်တစ်စီးနဲ့ ပေါင်းပြီးဟော်မုဇ်ရေလက်ကြားတစ်လျှောက်ရှိ ဗြိတိန်သင်္ဘောတွေကို ကာကွယ်စောင့်ရှောက်ပေးနေတယ်လို့ ဗြိတိန် အစိုးရက အခုလ(၂၈)ရက်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဘာသာပြန် - စုစံစိုး
0 comments:
Post a Comment