Monday, July 29, 2019

လ၀ကရုံးဝန်ထမ်းများ အဂတိကင်းရှင်းရေး နှင့် ပြည်သူများ အပေါ်စေတနာထားဆောင်ရွက်ပေးရန် ပဲခူးဝန်ကြီးချုပ် မှာကြား



Image may contain: one or more people and people sitting

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦးသည် ဇူလိုင် ၂၈ ရက်က သာယာဝတီခရိုင်အတွင်းရှိ လဝကရုံးများသို့ သွားရောက်ပြီး အဂတိကင်းရှင်းရေး၊ လုပ်ငန်းတာဝန်ဝတ္တရားဆောင်ရွက်ရာတွင် ပြည်သူအပေါ် စေတနာထားဆောင်ရွက်ပေးရေး၊ အချိန်နှင့်တစ်ပြေးညီ မြန်မြန်ဆန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

ဝန်ကြီးသည် သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်စိုးနှင့်အတူ နတ်တလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးမှူးရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့နယ်ဦးစီးမှူး ဦးကျင်စိန်က ဦးစီးဌာနလုပ်ငန်း aဆာင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးက လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ သည်။

ထို့အတူ ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် သာယာဝတီမြို့ နယ်များသို့ သွားရောက်ပြီး ဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံရာ မြို့နယ်ဦးစီးမှူးများက မိမိတို့မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက် မှုများအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။

The Ladies News

0 comments:

Post a Comment