Monday, July 29, 2019

ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီမှ အဖွဲ့ဝင် တစ်ဦးအားပြောင်းလဲတာဝန်ပေးအပ်

No photo description available.
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်ရေးအတွက် ၄၅ ဦးပါဝင်သည့် ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်မှဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။

၄၅ ဦးကော်မတီတွင် ပါဝင်သည့် ဒုတိယဗိုလ်မှူးကြီး သန့်ဇော်အစား ဒုတိယဗိုလ်မှူးကြီးသန်းဦးလွင်အား ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်မှ ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း နာယက ဦးတီခွန်မြတ်ကကြေညာခဲ့သည်။
ထို့သို့ပြောင်းလဲတာဝန်ပေးအပ်သည့်အပေါ် ကန့်ကွက်သူ မရှိသဖြင့် လွှတ်တော်မှ အတည်ပြုကြောင်း ကြေညာခဲ့သည်။
ယင်းပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာများကို ဇူလိုင်လ ၁၅ ရက်နေ့ကကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်တင်သွင်းခဲ့သည်။
အစီရင်ခံစာ တွင် ပြင်ဆင်ချက် ဖြည့်စွက်ချက် အကြံပြုချက်များပါဝင်သည့် အချက် ပေါင်း ၃၇၆၅ ချက်ပါဝင်ပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ လည်း သဘောထားမှတ်ချက် ၃ ချက်ပါ ထည့်သွင်းပါရှိခဲ့သည်။
၎င်း အစီရင်ခံစာနှင့်ပတ်သက်၍ ယနေ့အစည်းအဝေးတွင် ကိုယ်စားလှယ်၂၁ ဦး မှဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

The Fifth Wave News

0 comments:

Post a Comment