Monday, July 29, 2019

ဘားအံမြို့တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံး

Image may contain: night

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ သီရိမဉ္ဇူလမ်းမှာ ဇူလိုင်(၃၀)ရက် မနက်(၄)နာရီ မိနစ်(၂၀)က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ခရိုင်မီးသတ်တပ်ဖွဲ့ရုံးက သိရပါတယ်။
" မီးသတ်ရုံးကို မနက်(၄)နာရီနဲ့ (၂၇)မိနစ်မှာ သတင်းလာပို့တယ်။ ကျွန်တော်တို့က မီးသတ်ကား စုစုပေါင်း (၇)စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့တာ (၄)နာရီနဲ့မိနစ်(၅၀)မှာ မီးထိန်းနိုင်ခဲ့ပြီး (၅)နာရီနဲ့(၁၅)မိနစ်မှာ မီးငြိမ်းသွား တယ်"လို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်အောင်က ပြောပါတယ်။ အဲဒီမီးလောင်မှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပါဘူး။ ဒီမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မီးစတင်လောင်တဲ့နေအိမ်ကို အရေးယူမှုပြုလုပ်သွား မယ်လို့သိရပါတယ်။
Image may contain: one or more people and outdoor
Image may contain: one or more people

သတင်း- မျိုးမင်း
One News Myanmar

0 comments:

Post a Comment