Wednesday, July 24, 2019

တရုတ်နိုင်ငံမှ တပတ်ရစ်ကားများ မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများသို့တင်ပို့မည်


Image may contain: car
တရုတ်နိုင်ငံက မြန်မာနိုင်ငံအပါဝင် အခြားနိုင်ငံများထံသို့ အသုံးပြုပြီးသည့် တပတ်ရစ်ကားများ တင်ပို့ရန်စီစဉ်နေကြောင်း China Daily သတင်း၏ ဖော်ပြချက်အရ သိရသည်။

တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်ရှိ အသုံးပြုပြီးသား မော်တော်ယာဉ်များကို မြန်မာ၊ ရုရှား၊ နိုင်ဂျီးရီးယားနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ဆီ တင်ပို့ရန် တရုတ်ဗဟိုအစိုးရက ခွင့်ပြုချက်ပေးခဲ့ပြီးနောက် ယခုကဲ့ စီစဉ်နေခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ကားအစီးပေါင်း ၃၀၀ ကို မြန်မာအပါဝင် အခြားနိုင်ငံများဆီသို့ စတင်တင်ပို့ရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ကားများ၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း တန်ကြေးရှိကြောင်း သိရသည်။
နောက်ပိုင်းတွင်း တရုတ်နိုင်ငံရှိ စက်မှုဖွံ့ဖြိုးပြီးဒေသများဖြစ်သည့် ပေဂျင်း၊ ရှန်ဟိုင်းနှင့် တီယန်ကျင်းအပါအ၀င် ဒေသ ၁၀ ခုမှ အသုံးပြုပြီးသားကားတွေကို ထပ်မံ တင်ပို့သွားမည်ဖြစ်ကြောင်း တရုတ် သတင်းစာ ကဖော်ပြသည်။
မြန်မာနိုင်ငံတွင် ကားထုတ်လုပ် ရောင်းချမှုများသည် ပြီးခဲ့သည့် နှစ်များနှင့်နှိုင်းယှဉ်လျှင် မြင့်တက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ကားထုတ်လုပ်မှုပိုင်းနှင့် ရောင်းချမှုပိုင်းသည် ယခုနှစ် ငါးလအတွင်း မြင့်တက်ခဲ့ကြောင်း အရှေ့တောင် အာရှကားထုတ်လုပ်ရောင်းချသူများအဖွဲ့ က သတင်းထုတ်ပြန်ထားသည်။
Ref - ZMO
Ref - China daily
ဓာတ်ပုံ - CNBC

0 comments:

Post a Comment