Sunday, July 21, 2019

NLD ပါတီဝင်များ ၃ ပိုင်းကွဲနေ

Image may contain: 1 person

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနေဖြင့် အာဏာရပြီးနောက်တွင် ပါတီဝင်များ အနေဖြင့် ၃ ပိုင်းကွဲ၍ ပွတ်တိုက်မှုများရှိနေသည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဒုတိယဥက္ကဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“ကျွန်တော်တို့ထဲ နိုင်တဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် တွေရှိလာတယ်။နောက်တစ်ခါ အစိုးရအဖွဲ့ဝင် အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ်ဝင် တွေဖြစ်လာတယ်။ ၃ ပိုင်းလည်းကွဲရော ကျွန်တော်တို့ စ ပြီးတော့ ပွတ်တိုက်မှုတွေရှိလာတယ်”ဟု ဒေါက်တာဇော်မြင့်မောင်ကပြောသည်။
ယနေ့ ပျဉ်းမနားမြို့ရှိ မင်္ဂလာကန်တော် ခန်းမတွင် ကျင်းပပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟို ၊တိုင်း၊ခရိုင်၊မြို့နယ် တွေ့ဆုံပွဲ အဖွင့်မိန့် ခွန်းတွင် ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် ပါတီ၏ စကားကို နားမထောင်တော့ကြောင်း၊ ကိုယ့်မြင်း ကိုယ်စိုင်း၍ စစ်ကိုင်းရောက်အောင် လုပ်နေကြောင်း ၊ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပြည်သူများအပေါ်တွင် မောက်မာလာကြောင်း စသည့် ပွတ်တိုက်မှုများရှိလာကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ထို့အတူ အစိုးရ၀န်ကြီးများလည်း အောက်ခြေလွတ်လွတ်လာကြောင်း၊ ယင်းရာထူးများသည် ပြည်သူများကြောင့် ရလာသည်ကို မေ့လျော့နေကြကြောင်း ၊ထို့ပြင် အစိုးရနှင့်လွှတ်တော်သည်လည်း ပွတ်တိုက်မှုများရှိလာကြောင်း ၎င်း ကပြောသည်။
ယင်းပွတ်တိုက်မှုများသည် အချိန်ကြာလည်သည်နှင့် အမျှ သိသိသာသာ ကွဲပြားလာကြောင်း ၎င်း ကပြောကြားခဲ့သည်။
လက်ရှိ NLD ပါတီ တွင် လွှတ်တော် ကိုယ်စားလှယ်ပေါင်း တစ်ထောင်နီးပါးခန့်ရှိကြောင်းသိရသည်။


The Fifth Wave News

0 comments:

Post a Comment