ဖိလစ်ပိုင်နိုင်ငံအတွင်း လူအသေအပျောက်များတဲ့ မြေပြိုမှုတွေအပြီး သတ္တုတွင်းအားလုံးကို ပိတ်ပစ်ဖို့ သမ္မတ ရိုဒရီဂို ဒူတာတေးက စက်တင်ဘာ ၁၇ ရက်မှာ ထပ်ပြီး ဆော်သြလိုက်ပါတယ်။
တောင်ထူပြီး ရွှေကြွယ်ဝတဲ့ ဒေသအတွင်း အသေးစား ရွှေတွင်းအားလုံးကို သတ္တုတွင်းဝန်ကြီးက လုပ်ငန်းရပ်ခိုင်းအပြီး နာရီပိုင်းအကြာမှာ သမ္မတက ခုလို ထပ်ဆော်သြလိုက်တာပါ။
“သတ္တုတွင်းလုပ်ငန်းမှာ ပြဿနာတခုရှိတယ်။ ဒီလုပ်ငန်းက နိုင်ငံ့စီးပွားရေးအတွက် မယ်မယ်ရရ ဘာမှ မထည့်ဝင်ခဲ့ဘူး။ တနှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံလောက် ဝင်တာကိုတော့ ဝန်ခံရမယ်။ ဒါကို အမြတ်လို့ လက်ခံဖို့ အသင့်ဖြစ်နေပြီဆိုရင် နိုင်ငံအတွက် ရှင်းအောင်လုပ်ကြစို့။ လုပ်ငန်းစဉ်အတွင်း ဘယ်လောက်ဆုံးရှုံးခဲ့လဲ” လို့ ဒူတာတေးက ပြောပါတယ်။
ဖိလစ်ပိုင်မြောက်ပိုင်းကို စူပါတိုင်ဖွန်း မင်းကွတ် ဝင်ရောက်အပြီး ၂ ရက်အကြာမှာ အစိုးရရဲ့ ကပ်ဘေးတုံ့ပြန်ရေးအဖွဲ့တွေနဲ့ အစည်းအဝေးအတွင်း ဒူတာတေးက ပြောလိုက်တာပါ။
သတ္တုရှာတဲ့ ကုမ္ပဏီတွေဟာ ညစ်ညမ်းမှုတွေ၊ ဓာတုပစ္စည်းတွေ အများကြီးကို ချန်ပစ်ခဲ့တယ်။ သတ္တုတွင်းနေရာကို တကယ်သန့်ရှင်းအောင် မလုပ်ခဲ့ကြဘူးလို့လည်း သူက ပြောပါတယ်။
တကယ်တော့ သတ္တုတွင်းလုပ်ငန်းဟာ ပြည်သူတွေအတွက် နှလုံးနာစရာတွေ အများကြီးကိုသာ ပေးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
စူပါတိုင်ဖွန်း မင်းကွတ်ဟာ ဖိလစ်ပိုင်မြောက်ပိုင်းကို စက်တင်ဘာ ၁၄ ရက်က ဖြတ်သန်းတိုက်ခတ်ခဲ့လို့ လူ ၅၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
သေဆုံးသူ အများအပြားဟာ တရားမဝင် အသေးစား သတ္တုတွင်းတွေမှာ မြေပြိုမှုကြောင့် သေဆုံးခဲ့တာလို့ အစိုးရအရာရှိတွေနဲ့ အကြီးစား သတ္တုတွင်းလုပ်ငန်းတွေက ပြောပါတယ်။
DVB







0 comments:
Post a Comment