Sunday, September 2, 2018

ကြားဖြတ်ရွေးကောက်ပွဲ ပါတီများ၏ ဟောပြောစည်းရုံးမှု အစိုးရရုပ်သံ ၂ ခု ထုတ်လွှင့်မည်


ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများရဲ့ ဟောပြောစည်းရုံးမှုတွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ လွှတ်တော်ချန်နယ်တို့ကနေ ဒီနေ့ စက်တင်ဘာ ၃ ရက်ကစပြီး စက်တင်ဘာ ၂၆ ရက်အထိ ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ 
တခါ ပါတီတွေရဲ့ ဟောပြောစည်းရုံးချက်တွေကို အောက်တိုဘာ ၉ ရက်ကနေ နိုဝင်ဘာ ၁ ရက်အထိ ဒုတိယအကြိမ် ထုတ်လွှင့်ပေးဦးမှာဖြစ်သလို နိုင်ငံပိုင်သတင်းစာတွေမှာလည်း စက်တင်ဘာ ၄ ရက်ကနေ စက်တင်ဘာ ၂၇ ရက်အထိ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ 

အန်အယ်လ်ဒီ အစိုးရလက်ထက် ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး လစ်လပ်နေရာ ၁၃ ခုမှာ ပါတီ ၂၄ ခုက ကိုယ်စားလှယ် ၆၉ ဦး ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ 

အန်အယ်လ်ဒီပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က “အာဏာရအန်အယ်လ်ဒီပါတီက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၃ ခုစလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ၁၃ နေရာစလုံး အနိုင်ရဖို့ မျှော်မှန်းလုပ်ဆောင်နေတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး လစ်လပ်နေရာ ၁၉ ခုအတွက် ကိုယ်စားလှယ်ပေါင်း ၉၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ 

အဲ့ဒီကြားဖြတ်တုန်းက အန်အယ်လ်ဒီကိုယ်စားလှယ် ၉ ဦး အနိုင်ရခဲ့ပြီး တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားပါတီကိုယ်စားလှယ်တွေပဲ အနိုင်ရခဲ့ပါတယ်။ 

DVB

0 comments:

Post a Comment