Monday, October 1, 2018

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်ဟောင်း စနစ်ဟောင်းမှ အမူအကျင့်များကိုဖယ်ရှားရန် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်ပြော


ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်ဟောင်း စနစ်ဟောင်းမှ အမူအကျင့်များကို ဖယ်ရှားရန်နှင့် ပြည်သူလူထုကို ဥပဒေနှင့် အညီကာကွယ်စောင့်ရှောက်ရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ တိုက်တွန်း ပြောဆိုလိုက်သည်။ 
အောက်တို့ဘာ ၁ ရက်နေ့က မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် (၅၄) မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

" ခေတ်ဟောင်း စနစ်ဟောင်းက မှားယွင်းကျင့်သုံးခဲ့တဲ့ အမူအကျင့်၊ အတွေးအခေါ် ၊ပြုမှုပြောဆို ဆက်ဆံမှု များကို ဖယ်ရှားပြီး၊ ဒီမိုကရေစီစံနှုန်း၊ နိုင်ငံတကာစံနှုန်း၊လူ့အခွင့်အရေးစံနှုန်း စသည်တို့ကို အလေးထားလျှက် ပြည်သူလူထုကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်မယ့်တပ်ဖွဲ့ဝင်များအဖြစ် ကြိုးစားအားထုတ်ကြပါ။ ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်သိတက်စေရန်နှင့် ခေတ်မီအသိပညာ ဗဟုသုတ တိုးပွားရေးအတွက် နည်းပညာဆိုင်ရာ စွမ်းရည်များကိုလည်း စဉ်ဆက်မပြတ် ဆည်းပူးလေ့လာကြပါ" ဟု ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်မှ တိုက်တွန်းပြောကြားခဲ့သည်။ 

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဖော်ထုတ်အရေးယူနိုင်မှု၊ ထူးခြားမှုခင်းများ စုံစမ်းဖော်ထုတ်နိုင်မှု၊ ဒေသလုံခြုံရေး၊ သဘာဝဘေး အန္တရာယ် ကျရောက်စဉ် ပြည်သူ့လုံခြုံရေးတို့ကို စွမ်းစွမ်းတမံ တာဝန်ထမ်းရွက်ခဲ့မှုများအတွက် ဂုဏ်ထူးဆောင် ဆုများ၊ ဂုဏ်ပြုဆုငွေများအား တပ်ဖွဲ့ဝင် အသီးသီးကို ချီးမြှင့်ခဲ့သည်။ 

ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ရာတွင် ၂၀၁၇ ခုနှစ်၌ ဂုဏ်ပြု ဆုငွေ စုစုပေါင်း ကျပ်(၅၈)သိန်းကို ချီးမြှင့်ခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်တွင် ဂုဏ်ပြုဆုငွေ စုစုပေါင်း ကျပ်သိန်း(၁၀၀) အထိချီးမြှင့်ခဲ့ကြောင်း သိရသည်။

mizzima 

0 comments:

Post a Comment