Monday, October 1, 2018

ကျားမခွဲခြားမှု အခြေပြု အကြမ်းဖက်မှုများကို ဆန့်ကျင်ဆန္ဒပြ


ဘိုလီးဗီးယားနိုင်ငံ မြို့တော်လာပဲ့ဇ်ရဲ့ လမ်းတွေပေါ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ စုပေါင်းပြီး “ကျားမခွဲခြားမှု အခြေပြု” အကြမ်းဖက်မှုတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ 
ဒါဟာ ဘိုလီးဗီးယားနိုင်ငံမှာ My First Love “ပထမဆုံးအချစ်” လို့ အမည်ပေးထားတဲ့ အမျိုးသမီးလှုပ်ရှားမှုရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ 

နိုင်ငံတွင်း အမျိုးသမီး ၁၀ ယောက်မှာ ၈ ယောက်က ရန်လိုတဲ့ပုံစံနဲ့ လိင်ဆက်ဆံခံရတာကြောင့် ဒုက္ခရောက်နေတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ 

ဒီနှစ် ဇန်နဝါရီကနေ သြဂုတ်လအတွင်း အားနွဲ့တဲ့အမျိုးသမီးဖြစ်လို့ အသတ်ခံရမှုပေါင်း ၇၆ မှု ရှိတယ်လို့ အစိုးရရှေ့နေချုပ်ရုံးက ပြောပါတယ်။ 

My First Love လှုပ်ရှားမှုဟာ အလုပ်ရုံ ဆွေးနွေးပွဲတွေကနေတဆင့် အကြမ်းဖက်မှု ဟန့်တားရေးကို နိုင်ငံအနှံ့ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ 

စေတနာ့ဝန်ထမ်း ၁၂၅၀ လောက်က အခမဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို နိုင်ငံအနှံ့ ကျင်းပနေပြီး မိန်းကလေးတွေနဲ့ ဆယ်ကျော်သက် ၃ သောင်း ၇ ထောင်ကျော်ကို အကျိုးပြုခဲ့တယ်လို့ ဆိုပါတယ်။ 

လက်တင်အမေရိက ၂၅ နိုင်ငံမှာ ၁၄ နိုင်ငံဟာ အမျိုးသမီးတွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ရင် ကမ္ဘာ့အမြင့်ဆုံးအဆင့်မှာ ရှိနေတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ 

ဒေသတွင်းမှာ မိန်းကလေးဖြစ်လို့ သတ်ဖြတ်မှုဟာ တရက်ကို ၁၂ မှုရှိကြောင်း စစ်တမ်းတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB 


0 comments:

Post a Comment