ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလျက် ရှိသော ခရီးသွားပြည်သူများထံမှ TNLA အကြမ်းဖက်သောင်းကျန်းသူများက စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်း တွင် မန်ပြိန်းကျေးရွာနှင့် နမ့်အွန်ကျေးရွာအနီးတို့တွင်အဖွဲ့များဖြန့်ခွဲ၍ လမ်းကြောင်းပိတ်ဆို့ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်း များက နယ်မြေ ဖြန့်ခွဲ ရှင်းလင်းခြင်းများ ဆောင်ရွက် ခဲ့ရသည်။
ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် မန်ပြိန်းကျေးရွာအနီးရှိ TNLA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူများ ယင်းနေ့ညနေပိုင်းတွင်ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ အလားတူနမ့်အွန်ကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၂ဝဝဝ ခန့်အကွာ၌ နေရာယူပိတ်ဆို့ဆက်ကြေးကောက်ခံလျက်ရှိသည့်TNLA အကြမ်းဖက်သောင်းကျန်းသူများနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက ရင်ဆိုင်ထိန်းချုပ်ထားခဲ့ကာ ယနေ့နံနက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းများက တက်ရောက်ရှင်းလင်းခဲ့ရာ ရန်သူများအနောက်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ဖြစ်စဉ်များ၌ ရန်သူ့ထံမှTNLA ပြောက်ကျားယူနီဖောင်းဝတ် အလောင်းတစ်လောင်း၊ အမ် ၂၂ သေနတ် သုံးလက်၊ ၎င်းကျည် ၈၃ တောင့်၊ လက်ပစ်ဗုံးများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယနေ့နံနက်ပိုင်းမှစတင်၍ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ယာဉ်များနှင့် ခရီးသွားပြည်သူများ ပုံမှန်အတိုင်းသွားလာနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment