Monday, May 25, 2020

ထိုင်းနိုင်ငံ မြောက်ပိုင်း (၉) ပြည်နယ်ရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသည့် ကြေညာချက်

နည်းပညာအခက်အခဲကြောင့် အင်တာနက်မှမှတ်ပုံတင်စာရင်း ပေးသွင်းနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသားများ (အလုပ်သမားများ အပါအဝင်)အနေဖြင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့တွင် တနင်္လာနေ့မှ သောကြာနေ့အထိ (ရုံးပိတ်ရက်များမပါ) နံနက် ၀၉၀၀ နာရီမှ မွန်းတည့် ၁၂၀၀ နာရီအတွင်း လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းအမှတ်၊ ၀၅၂- ၀၀၄၂၁၁၊ လိုင်းခွဲ ၁၈ သို့ တယ်လီဖုန်း ခေါ်ဆို၍ ဖြစ်စေဆောင်ရွက်နိုင်ပါသည်။ အင်တာနက်မှ မှတ်ပုံတင်ပြီးသူများအနေဖြင့် ရုံးသို့ လာရောက်ရန်၊ တယ်လီဖုန်းဆက်သွယ်ရန် (မလို) မလိုအပ် ပါကြောင်း ဖော်ပြအပ်ပါသည်။
ယင်းသို့ အင်တာနက်ဖြင့်သော်လည်းကောင်း၊ ရုံးသို့ လူကိုယ်တိုင် သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်လည်းကောင်း မှတ်ပုံတင်ပြီးသူများ၏ အမည်စာရင်းကို မြန်မာသံရုံး၊ ဗန်ကောက်မြို့နှင့် အလုပ်သမား သံအရာရှိရုံးသို့ စာရင်းပြုစုပေးပို့မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ထိုင်းနိုင်ငံ ခြားရေးဝန်ကြီးဌာနသို့ ပေးပို့ကာ အတည်ပြုလာသည့် မြန်မာနိုင်ငံသား စာရင်းအား လက်ခံရရှိချိန်တွင် ပြန်လည်ဝင်ရောက်ရမည့် နေ့ရက်အား ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်ပါသည်။
ယခုဝန်ဆောင်မှုသည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်၊ လန်ဖွန်းပြည်နယ်၊ လန်ပန်းပြည်နယ်၊ ဥတ္တရာဒစ်ပြည်နယ်၊ ဖရာယ့်ပြည်နယ်၊ နမ်ပြည်နယ်၊ ဖယောင်းပြည်နယ်၊ ချင်းရိုင်ပြည်နယ်နှင့် မယ်ဟောင်ဆောင် ပြည်နယ်များတွင် ရောက်ရှိလျက်ရှိပြီး တာချီလိတ်-မယ်ဆိုင် နယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လိုသူများနှင့်သာ သက်ဆိုင်မှု ရှိကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့

0 comments:

Post a Comment