Monday, May 25, 2020

ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ (NSC) မှ တတိယအဆင့် lockdown ဖြေလျှော့မှု နှင့်ပတ်သက်၍ မေလ ၂၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်

ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) သည် curfew အချိန်သတ်မှတ်ချက် လျှော့ချခြင်း အပါအဝင် တတိယအဆင့် lockdown ဖြေလျှော့မှု၏ အသေးစိတ်အချက် အလက်များနှင့်ပတ်သက်၍ COVID-19 အခြေအနေ စီမံခန့်ခွဲရေးစင်တာသို့ အဆိုမပြုမီ မေလ ၂၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တတိယအဆင့် lockdown ဖြေလျှော့မှုသည် ဇွန်လ ၁ ရက်နေ့မှစ၍ စတင် အကျိုးသက်ရောက်မည်ဟု ယူဆရပါသည်။ အမျိုးသားလုံခြုံရေးကောင်စီ (NSC) ၏ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး Somsak Rungsita မှ ကျန်းမာရေး၊ စီးပွားရေးတို့နှင့်ပတ်သက်သည့် သတင်းအချက်များကို အဓိကစဉ်းစားရန်လိုအပ်သည့်အတွက် လာမည့်လာတွင် မည့်သည့်စီးပွားရေးလုပ်ငန်း များအား ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ကို ၎င်းအနေဖြင့် ယခု မပြောနိုင်သေးကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ထိုင်းနိုင်ငံတွင် မိုးရာသီ ရောက်ရှိနေပြီဖြစ်၍ တတိယအဆင့်၌ ပြန်လည် ဖွင့်လှစ်ရန်ခွင့်ပြုထားသည့် စီးပွားရေးလုပ်ငန်းများသည် အခြားလုပ်ငန်းများထက် အန္တရာယ်ပိုများပြီး COVID-19 ရောဂါ ကူးစက်မှုပိုမိုများပြားလာနိုင်သည့်အတွက် အချို့မှ စိုးရိမ်ပူပန်နေကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။
အမျိုးသားလုံခြုံရေးကောင်စီ (NSC) သည် ည ၁၁:၀၀ နာရီမှ နံနက် ၀၄:၀၀ နာရီ ထိ ညမထွက်ရအမိန့်အား ပြောင်းသင့်/ မပြောင်းသင့် သို့မဟုတ် ညသန်းခေါင်ယံမှ နံနက် ၀၄:၀၀ နာရီထိ လျှော့ချသင့်/မသင့်နှင့်ပတ်သက်၍ မေလ ၂၉ ရက်နေ့တွင် COVID-19 အခြေအနေ စီမံခန့်ခွဲရေးစင်တာ (CCSA) သို့ အဆိုမပြုမီ မေလ ၂၇ ရက် နေ့၌ ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
Source - The Nation Thailand

0 comments:

Post a Comment