Monday, May 25, 2020

ယနေ့ နိုင်ငံတော်အတိုင်ပင်ခံဂ္ဂိုလ်လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသော စာ

ထိုင်းနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံအတွင်း မနေ့ကနဲ့ဒီကနေ့၊ (၂)ရက်အတွင်း ပြန်ရောက်လာတဲ့ ပြည်သူပေါင်း (၂၀၀၀) ကျော်ရှိပါတယ်။ ဒီလို အလုံးအရင်းနဲ့ပြန်လာကြဖို့ရှိတာကို ကြိုတင် ခန့်မှန်းထားပြီးဖြစ်လို့ အစီအစဉ်တွေလည်းလုပ်ထားပြီးဖြစ်ပါတယ်။ မူလကတော့ မေလဆန်းမှာ ပြန်လာကြမယ်လို့ ခန့်မှန်းခဲ့တာပါ။ ထိုင်းနိုင်ငံမှာ covidကို အကြောင်းပြုပြီးချမှတ်လိုက်တဲ့ ကန့်သတ်ချက်တွေကြောင့် ပြည်တော်ပြန်တွေ အ လာနောက်ကျသွားရတာဖြစ်ပါတယ်။
ပြည်တော််ပြန်တွေကို ကြိုဆိုဖို့၊ လိုအပ်တဲ့ ကျန်းမာရေးလုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ဖို့၊ သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်တွေကို ခရီးဆက်နိုင်ရေးစီစဉ်ဖို့ တာဝန်တွေက ကရင်ပြည််နယ်အစိုးရပေါ်မှာ အများဆုံးကျပါတယ်။ ပြည်နယ်အစိုးရသာမက၊ ပြည်သူတွေကပါ၊ စိတ်ပါလက်ပါ လုပ် ဆောင်နေကြတာတွေ့ရတော့ အင်မတန် အားတက်မိပါတယ်။
Covid နဲ့ပတ်သက်တဲ့ စီမံကိန်းတွေချမှတ်ရာမှာ ရေတိုအဖြေတစ်မျိုးတည်းကို ကြည့်တာမဟုတ်ပဲ၊ ရေရည်အတွက်် နိုင်ငံရဲ့ ကျန်းမာရေး၊ စီးပွါးရေး၊လူမှုရေး လိုအပ်ချက်တွေသာမက၊ နိုင်ငံရေးဦးတည်ချက်တွေကိုပါ မျက်ခြေမပြတ် ကြည့်ဖို့လိုပါတယ်။
စိန်ခေါ်မှုတစ်ခုကို စည်းစည်းလုံးလုံးနဲ့ ပြည်ထောင်စုသွေးရင်းတွေ အတူရင်ဆိုင်ကျော်လွှားမှုတစ်ခုဆိုတာ တစ်နေ့အတွက်၊ တစ်ခဏအတွက်သာ အဓိပ္ပါယ်ရှိတဲ့ ဖြစ်ရပ်ကလေးမဟုတ်ပါဘူး။ ကျွန်မတို့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုပါ။ အေးချမ်းသာယာဖွံ့ဖြိုးတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီးဖြစ်ပေါ်ရေး အိပ်မက်အတွက် ရင်းနှီးမြှုပ်နှံလိုက်တာဖြစ်ပါတယ်။
Source - Aung San Suu Kyi

0 comments:

Post a Comment