Monday, May 25, 2020

Mask မတပ်လျှင် အရေးယူထားသည့် ဒဏ်ငွေများကို COVID-19 ကာကွယ်ရေးလုပ်ငန်းတွင် အသုံးပြုမည်

နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ သွားလာမှုများကို အရေးယူရာမှ ရရှိသည့် ဒဏ်ငွေ များကို COVID-19 ရောဂါကာ ကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် နေအိမ်ပြင်ပသို့ သွားလာရာ၌ နှာခေါင်းစည်း (Mask) ကို မဖြစ် မနေတပ်ဆင်ရန် တိုင်းဒေသကြီး အစိုးရက ကြေညာချက်ထုတ်ပြန်၍ အရေးယူမှုများ ဆောင်ရွက် နေသည်။ မေလ ၉ ရက်မှ ၁၅ ရက်အထိ ပညာပေးကာလသတ်မှတ်ပြီး ယင်းကာလအတွင်း နှာခေါင်းစည်း စနစ်တကျ လုံခြုံစွာမတပ်ဆင်လျှင် ငွေကျပ် ၁,၀၀၀ ဖြင့် Mask နှစ်ခု ဝယ်ယူစေခြင်း၊ မေလ ၁၅ ရက်နောက်ပိုင်းတွင် ငွေကျပ် ၅,၀၀၀ ဖြင့် Mask နှစ်ခု ဝယ်ယူစေခြင်းဖြင့် အရေးယူနေ သည်။
‘‘ဒဏ်ငွေတွေကို COVID- 19 ကာကွယ်ရေးလုပ်ငန်းအတွက် ပဲ ပြန်အသုံးပြုမှာဖြစ်ပါတယ်။ Mask တွေကို ဘတ်ဂျက်တွေက နေ စိုက်ထုတ်ပြီး ဝယ်ယူထားတာ ဖြစ်တယ်။ လိုအပ်တဲ့ဟာတွေကို ထပ်မံဝယ်ယူပြီးတော့ ထုတ်လုပ် ရမှာဖြစ်တယ်။ အခုဆိုရင် ကျောင်းတွေ ဖွင့်တော့မယ်ဆို တော့ ကျောင်းသူ ကျောင်းသား တွေကို အခမဲ့ ဝေတာမျိုးတွေ ရှိလာပါမယ်’’ ဟု ဦးဇာနည် အောင်က ပြောသည်။
ထို့အပြင် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် နှာခေါင်းစည်းမတပ်ဘဲ နေအိမ်ပြင်ပသွားလာနေသူ တစ်သောင်းကျော်ကို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် Mask များ ဝယ်ယူနိုင်ရန် တိုင်းအစိုးရက ပြန်လည်အသုံးပြုနိုင်သည့် အဝတ် Mask ၁၀ သိန်း မှာယူထားကြောင်း ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်း ပန်ဆိုင်းက ပြောကြားထားသည်။
Ref ; 7Day

0 comments:

Post a Comment