Monday, May 25, 2020

မူဆယ်မြို့နယ်၊ မန်ဝိန်းဂိတ်အနီး၌ ဒီတိုနေတာများ တင်ဆောင်ထားသော မော်တော်ယာဉ် ၁ စီးနှင့် နောင်မွန်ကျေးရွာ၌ လက်နက်၊ ခဲယမ်းများ ဖမ်းဆီး သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် နောင်မွန်ကျေးရွာနေ စိုင်းဟန်မြင့်(ဘ)ဦးအိုက်လျှံ ၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေရာ ၎င်းကို ပစ္စတို ၃ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ၉ မမကျည် ၂၇ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ ယနေ့ မေလ(၂၅) ရက်နေ့ နေ့လယ် ၁ နာရီ ၄၀ မိနစ်ခန့်တွင် မန်ဝိန်းဂိတ် အနီးနေရာ၌ မသင်္ကာဖွယ်ရာ မော်တော်ယာဉ် ၁ စီး ရပ်တန့်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ယာဉ်မောင်းအား မတွေ့ရှိဘဲ ISUZU အမျိုးအစား (၆)ဘီးယာဉ် ၁ စီးကို တွေ့ရှိရပြီး ယာဉ်ပေါ်မှ Shock Tube ဒီတိုနေတာများ ထည့်ထားသော စက္ကူ ဂျက်ဖာ ၃၁၈ ဖာ(စုစုပေါင်း ဒီတိုနေတာ ၉၅၄၀၀ ချောင်း)ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူနှင့် လက်နက်၊ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး သိမ်းဆည်းရမိမော်တော်ယာဉ်နှင့် ဒီတိုနေတာများကို မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲ ပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment