Tuesday, May 26, 2020

လှိုင်သာယာ ချန်းရီဖိနပ်စက်ရုံက စကားပြန် ကိုဗစ်ပျောက်ကင်းသွား၍ နေအိမ်စောင့်ကြည့်မှု ထားရှိ

COVID-19 အတည်ပြုလူနာတစ်ဦး ဖြစ်တဲ့ လှိုင်သာယာ ချန်းရီဖိနပ်စက်ရုံက စကားပြန် Case-144ဟာ ရောဂါ ပျောက်ကင်းသွားပြီး နေအိမ်စောင့်ကြည့်မှု ၇ ရက် ထားရှိတယ်လို့ သိရပါတယ်။
သူဟာမြစ်ကြီးနားမြို့မှာ ဆေးကုသမူခံယူခဲ့တာဖြစ်ပြီး သူနာပြုသင်တန်းကျောင်းမှာ ထားရှိတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်မှု ၁၄ ရက်ပြည့်ပြီဖြစ်လို့ မိုးညှင်းကိုပြန်ခိုင်းကာ နေအိမ်စောင့်ကြည့်မှု ထားရှိတာလို့ မိုးညှင်းခရိုင်ဆေးရုံကြီးမှ သမားတော်ဒေါက်တာဖြူလေးဝေကပြောပါတယ်။
“သူကရောဂါကင်းပြီဆိုတော့ ရောဂါကပျောက်ပြီးသား၊သူ့ကိုစိတ်ချရအောင် တစ်ပါတ်ထားတာ၊သူ့ကိုဖျားရင် ဖုန်းဆက်ဘို့ပြောထားတယ်၊သာမာန်ခရီးကပြန်လာရင် Home Quarantineထားသလိုမျိူးဘဲ၊ သူ့ကိုစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်”လို့ဒေါက်တာဖြူလေးဝေကဆိုပါတယ်။
အဲဒီ မိုးညှင်းမြို့ဇာတိ COVID-19 လူနာ Case-144 ဟာ လူ ၂၀၀၀ နီးပါး အလုပ်ဆင်းနေတဲ့ ဖိနပ်စက်ရုံမှာ အလုပ်လုပ်ခဲ့တာကြောင့် သူနဲ့ ဆက်နွယ်သူတွေကို ဆေးစစ်တာတွေ ပြုလုပ်ခဲ့ရပါတယ်။
“ရောဂါဖြစ်ပြီးမှပြန်ပျောက်သွားတယ်ဆိုတော့ဝမ်းသာတယ်ပေါ့လေ၊တစ်ကမ္ဘာလုံးအခက်အခဲဆုံးရောဂါဆိုတော့ အခု စိတ်ချမ်းသာတာပေါ့လေ၊ပေါ့သွားတာပေါ့ ။အထဲကနေစိတ်ဆင်းရဲတာမရှိတော့ဘူးလို့ဆိုပါတယ်၊ အရင်လုပ်ခဲ့တဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ အစီအစဥ်မရှိသေးဘူးအတွေးအခေါ်လည်းမရှိသေးဘူး၊ ဘုရားရဲ့ ခေါ်ဆောင်တဲ့အတိုင်းလိုက်နာရမှာလေ၊အလုပ်အကိုင်ဆိုရင်လည်း ကိုယ်ထင်သလို တော့ပြောလို့မရသေးဘူး ကောင်းသွားလို့ရှိရင်ဘာလုပ်သင့်မလဲ သူများလာခေါ်မလား အချိန်တန်မှသိမှာပါ”လို့ ရောဂါသက်သာလာသူရဲ့ဖခင်ကပြောပါတယ်။
လက်ရှိမှာတော့ ရောဂါကင်းစင်လာတဲ့အတည်ပြုလူနာ၁၄၄နဲ့မိဘနှစ်ဦးကိုတော့ နေအိမ်စောင့်ကြည့်Home Quarantine ၇ရက်ထားရှိတားတယ်လို့သိရတယ်လို့သိရပါတယ်။
Ref ; One News Myanmar

0 comments:

Post a Comment