Tuesday, May 26, 2020

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် အခြေခံ ပညာစာသင်ကျောင်းများ၌ တပ်မတော်သားများ သန့်ရှင်းရေးပြုလုပ်

ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် တိုင်းစစ်ဌာနချုပ် နယ်မြေများ၌ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်း များအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ရွာတော်)၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက လည်းကောင်း၊ မြစ်ကြီးနားမြို့ရှိအမှတ်(၁)အခြေခံပညာ မူလတန်းကျောင်း(ပမ္မတီး)နှင့်အခြေခံပညာအထက်တန်းကျောင်း (နန့်ပေါင်)တို့၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ အင်းတိုင်မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ဒလမြို့ နယ်တို့ရှိ အခြေခံပညာကျောင်းတို့၌ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများကလည်းကောင်း အသီးသီးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

0 comments:

Post a Comment