Monday, May 25, 2020

ကချင်ပြည်နယ်တွင် သိန်း ၈၀၀၀ခန့်ရှိမူးယစ်ဆေး ဝါးများနှင့် ပစ္စတိုတစ်လက်ဖမ်းမိ

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၌ ငွေကျပ်သိန်းပေါင်း ၈၀၀၀ ခန့်ဖိုးရှိမူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တစ်လက်အား မေလ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖားကန့်မြို့မရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့ဝင်များက မေလ ၂၃ရက်နေ့ည ၁၂ နာရီခန့်တွင်ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လှည့်ကင်းဆောင်ရွက်စဉ်ဆိပ်မူကျေးရွာ အုပ်စု၊မှော်ရှန်ကျေးရွာရတနာ သစ်လမ်း ကြားအတိုင်းမောင်း နှင်လာသည့် မော်တော် ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်မောင်းသူ ဇော်ဘောက်မှာထွက်ပြေးသွားခဲ့ပြီးနောက် မှလိုက်ပါသူအားဝိန်းထံမှပန်း ရောင်စိတ်ကြွရူးသွပ်ဆေး ပြား(၂၀၀)စီပါ(၅)ထုပ်ကိုက နဦးရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ယင်း ဖမ်းဆီးရမိသူမှတဆင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်စစ်ဆေးမှုအရမေ လ ၂၄ ရက်နေ့တွင်ဆိပ်မူကျေးရွာရှိဦးဇော်ဆိုင်းနေအိမ်အားဝင်ရောက်ရှာဖွေရာ ဦးဇော်ဆိုင်း၊ဒေါ်အေးယိမ်းနှင့်ဦးအန်းဘဲ့တို့(၃)ဦးအားတွေ့ရှိရပြီးစိတ်ကြွရူးသွပ်ဆေးပြား (၁၄၈,၂၀၀)ပြား၊ဘိန်းဖြူအ လေးချိန်(၁၈၀)ဂရမ်ခန့်၊ဘိန်း ဆီခဲ (၃၃၀) ဂရမ်ခန့်၊ဘိန်းမဲအ လေးချိန်(၄၈၀၀)ဂရမ်ခန့် စုစု ပေါင်းကာလတန်ဖိုးကျပ်သိန်းပေါင်း(၈၀၀၀)ခန့်တို့နှင့်အတူ 9 mm ကျည်(၅)တောင့်ပါ ကျည်အိမ်တစ်ခုနှင့်ပစ္စတိုတစ်လက်၊နေအိမ်ရှေ့တွင် ရပ်ထားသည့် IPSUM အမျိုးအ စားခဲရောင်မော်တော်ယာဉ် (၁)စီးတို့အားသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်တို့အား လက်ဝယ်တွေ့ရှိသူများဖြစ်သည့် ဆိပ်မူ ကျေးရွာ၊ ရပ်ကွက် (၃) မှ ဦးဇော်ဆိုင်း (၅၆)နှစ်၊ ဒေါ်အေးယိမ်း(၅၀)နှစ်ဦးအန်းဘဲ့(၆၆) နှစ်နှင့်ဦးအားဝိန်း(၂၃)နှစ်တို့အားဖားကန့်မြို့မရဲစခန်း၌ဥပ ဒေအရ အရေးယူဆောင်ရွက်လျက် ရှိသည်။
အမှုမှထွက်ပြေးလွတ်မြောက်နေသူဇော်ဘောက်အား ဆက်လက်ဖမ်းဆီးရမိရေး မြို့နယ်ရဲတပ်ဖွဲ့ဝင်များကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Ref ; RedNewsAgency

0 comments:

Post a Comment