Monday, May 25, 2020

ဇူလိုင် ၂၁ရက်တွင် အထက်တန်းကျောင်းများ စတင်ဖွင့်မည်

ဇူလိုင် ၂၁ရက်တွင် အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်ပတ်ကြားပြီးနောက် အခြေအနေအပေါ်မှုတည်ပြီး အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များကို အဆင့်လိုက်ဖွင့်လှစ်သွားရန် ပြင်ဆင်ထားကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
ပညာရေးဝန်ကြီးဌာနက ယခင် မူလတန်းမှစတင်ဖွင့်လှစ်ရန် ပြင်ဆင်ရန်ထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြင့် ပြည်သူ့စကားကို နားထောင်ခြင်းသည့်အနေဖြင့် ယခုကဲ့သို့ မူလတန်းမှစတင်ဖွင့်လှစ်မည့် အစား အထက်တန်းဆင့်မှ ဖွင့်လှစ်ရန်အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ပြောသည်။
“ဗဟိုကော်မတီက ဇူလိုင် ၂၁ရက်မှာဖွင့်ဖို့ ညွှန်ကြားချက်ထွက်လာပါပြီ။ အထက်တန်းကနေစဖွင့်ဖို့ဆိုတာလည်း ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလို မူလတန်း ကလေးတွေအစား အထက်တန်းအဆင့်ကျောင်း သားတွေက ပိုနည်းတဲ့အတွက် Social Distancingလုပ်ရင် ပိုပြီးသင့်တော်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ’’ဟု ဒေါက်တာတင်မောင်ဝင်း ကပြောသည်။
လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ်ထုတ်ပြန်မည်ဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်ကို အစိုးရ ကျောင်းအပြင် ပုဂ္ဂလိကကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများပါ လိုက်နာရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ရောဂါထိန်းချုပ်ရေး ဥပဒေအရ အရေးယူခံရမည်ဟု ဒေါက်တာတင်မောင်ဝင်းဆက် ပြောသည်။
“ကျောင်းဖွင့်ရက် ထုတ်ပြန်ပြီဆိုကတည်းက ထုတ်ပြန်ချက်အတိုင်း အဆင့်လိုက်ဖွင့်ရမယ့် အတန်းတွေကိုလည်း အဆင့်လိုက်ပဲဖွင့် ရပါလိမ့်မယ်။ ဒါက ပုဂ္ဂလိကကျောင်းရော၊ ဘက ကျောင်းရော အားလုံးလိုက် နာရမယ်။လိုက်နာမှုမရှိဘဲ တစ်စုံပြဿဖြစ်လာရင် ရောဂါထိန်းချုပ်ရေး ဥပဒေနဲ့အရေးယူခံရမယ်’’ ဟု ဒေါက် တာ တင်မောင်ဝင်းကပြောသည်။
ဆရာကိုင်သင်ရိုးသစ်စာအုပ်များ စောစီးစွာရရှိထားသော ပုဂ္ဂလိကကျောင်းအချို့က မေလဆန်းကစပြီး အွန်လိုင်း သင်ကြားလျက်ရှိပြီး စိန်ခေါ်မှုအမှန်တကယ်ရှိမည့်ဆိုပါက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်ကြောင်း ဘုန်တော်ကြီးသင်ပညာရေးကျောင်းများဖွံ့ဖြိုးရေအဖွဲ့လုပ်ငန်းညှိနှိုင်ုရေးမှုး ဦးဝင်းနိုင်က ပြော သည်။
Ref ; The Myanmar Times

0 comments:

Post a Comment