Tuesday, May 26, 2020

မြန်မာနိုင်ငံတွင်Covid-19 အတည်ပြုလူနာ (၂၀၃)ဦးအထိရှိလာပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃.၄သိန်းကျော်ရှိလာပြီး ရောဂါကူးစက်ခံရသူ ၅.၅သန်း ကျော်ထိ မြင့်တက်လာ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ မေလ ၂၆ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၃၄၇,၈၅၂) ဦးရှိလာပြီဖြစ်ကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရသိရှိရပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၅,၅၈၆,၇၀၇) ဦး ကူးစက်ခံထားရကြောင်း သိရသည်။
မြန်မာနိင်ငံတွင် ၂၃-၃-၂၀၂၀)ရက်နေ့မှ (၂၆ -၅-၂၀၂၀)ရက်နေ့၊ နံနက် (၇:၀၀) နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၀၃)ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ (၁၂၃)ဦးနှင့် ပိုးတွေ့သေဆုံးလူနာ (၆)ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

0 comments:

Post a Comment