Monday, May 25, 2020

တွေးဆချက်သက်သက်များကိုဖြန့်ဝေနေသည်ဟု အမေရိကန်ကို တရုတ်စွပ်စွဲ

ကိုရိုနာဗိုင်းရပ်စ်အရေးနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသည် တွေးဆချက်များနှင့်အလိမ်အညာများကိုဖြန့်ဝေနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲသည်။
အမေရိကန်တွင် တရုတ်နိုင်ငံကို နိုင်ငံရေးသမားများဆက်တိုက်တိုက်ခိုက်ရန် တိုက်တွန်းသည့် နိုင်ငံရေးဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟုလည်း ဝမ်ယီက တနင်္ဂနွေနေ့တွင် သတင်းထောက်များကိုပြောသည်။
အမေရိကန်အနေနှင့် အချိန်မဖြုန်းဘဲ COVID-19 ကပ်ရောဂါကိုတုံ့ပြန်သည့်အနေဖြင့် တန်ဖိုးရှိသည့်လူ့အ သက်များကိုမဖြုန်းရန်လည်း ဝမ်ယီကတိုက်တွန်းသည်။
ဗိုင်းရပ်စ်ပျံ့နှံ့ပြီးနောက် အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကြားတင်းမာမှုများမြင့်တက်နေသည်။
ကမ္ဘာ့ကပ်ရောဂါအရေးကိုယ်တွယ်ဖြေရှင်းနှင့်ပတ်သက်ပြီး ဝေဖန်ခံနေရသည့် ယခုနှစ် အမေရိကန်ရွေး ကောက်ပွဲတွင် သမ္မတအဖြစ်ပြန်ရွေးကောက်ခံမည့်သမ္မတဒေါ်နယ် ထရမ့်က တရုတ်နိုင်ငံသည် ကပ်ရောဂါကိုဖုံးကွယ်ထားသည်ဟု အပြစ်တင်နေသည်။
သို့သော် ဒီဇင်ဘာကစတင်ပေါ်ပေါက်လာသည့်ဗိုင်းရပ်စ်အရေး အများပြည်သူလုံခြုံဘေးကင်းစေရန် တာဝန်ခံမှုဖြင့် တုံ့ပြန်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက တနင်္ဂနွေနေ့တွင် ထပ်လောင်းပြောကြားသည်။
Ref ; The Fifth Wave News

0 comments:

Post a Comment