Monday, May 25, 2020

နေရပ်ပြန်ဖိလစ်ပိုင်လုပ်သားများ၏ နေအိမ်သို့စေလွှတ်ပေးရေးတောင်းဆိုချက်ကို ဖိလစ်ပိုင်သမ္မတမှ အကြောင်းပြန်

ဖိလစ်ပိုင်နိုင်ငံတွင် အပျော်စီးသင်္ဘောများ သို့မဟုတ် ကိုရိုနာဗိုင်းရပ်စ် quarantine စင်တာများတွင် သီတင်း ပတ်များစွာသောင်တင်နေသော နေရပ်ပြန်ဖိလစ်ပိုင်လုပ်သား ၂,၄၀၀၀ ခန့်အား နေအိမ်သို့ပြန်လည်စေလွှတ်ရေးအတွက်ရက်သတ္တပတ် တစ်ပတ်အတွင်း ဆောင်ရွက်ရန် ဖိလစ်ပိုင်သမ္မတရိုဒရီဂိုဒူတာတေးမှ ၎င်း၏ အစိုးရအဖွဲ့အားညွှန်ကြားခဲ့ပါသည်။
အဆိုပါ သောင်းနှင့်ချီသောနေရပ်ပြန်ဖိလစ်ပိုင်လုပ်သားများသည် မနီလာပင်လယ်အော်ရှိ အပျော်စီးသင်္ဘောများ သို့မဟုတ် ဟော်တယ်များနှင့် ကျန်းမာရေးအဆောက်အဦးများတွင် သောင်တင်နေကြပြီး အချို့မှာ quarantine ၁၄ ရက်ပြည့်ကာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးချက်တွင် ဗိုင်းရပ်စ်ပိုးမတွေ့သူများ ဖြစ်ပါသည်။
ပြည်ပရောက်ဖိလစ်ပိုင်လုပ်သားများမှာ နိုင်ငံအတွက်ဝင်ငွေရှာပေးသူများဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအား အဓိကထောက်ပံ့နေသူများဖြစ်ပါသည်။ ၎င်းတို့သည် ဖိလစ်ပိုင် စီးပွားရေး လည်ပတ်နေမှုတွင် နှစ်စဉ်အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံနှင့်အထက် ဝင်ငွေရှာပေးနေပြီး မိသားစုဝင်သန်းပေါင်းများစွာကို ထောက်ပံ့နေသူများဖြစ်ပါသည်။
ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေမှုကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော ဖိလစ်ပိုင်လုပ်သားများသည် နေအိမ်သို့ပြန်ရန်အတွက် ဖိလစ်ပိုင်အစိုးရအား တောင်ဆိုခဲ့ကြပြီးအစိုးရမှ ဗိုင်းရပ်စ်ပိုးစမ်းသပ်စစ်ဆေးမှုများကြန့်ကြာနေမှုကို အပြစ်တင်ခဲ့ပါသည်။
မနီလာပင်လယ်အော်၌ မေလ ၂၅ရက်နေ့တွင် အပျော်စီးသင်္ဘော ၂၉ စင်းရှိပြီး သင်္ဘောနှင့်အတူ လိုက်ပါလာသော ထောင်နှင့်ချီသည့်ဖိလစ်ပိုင်နိုင်ငံသားများသည် ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးရန်အတွက် စောင့်ဆိုင်းနေရပါသည်။
ပြည်ပရောက်ဖိလစ်ပိုင်နိုင်ငံသား ၃၀,၀၀၀ နှင့်အထက်သည် ဖိလစ်ပိုင်နိုင်ငံသို့ ပြန်လာပြီဖြစ်ပြီး မေလ ၂၀ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှု ၂၇,၀၀၀ ခု ပြုလုပ်ခဲ့ရာ ၅၁၅ ခုမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များမှ ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ စုစု ပေါင်း ၁၄,၀၀၀ ဦးအထက်နှင့် သေဆုံးသူ ၈၆၈ ဦးရှိပြီဖြစ်ပါသည်။
Source - CNA #Myanmar_Online_News

0 comments:

Post a Comment