Monday, May 25, 2020

ချက်နိုင်တွင် အခြေခံပညာကျောင်းများ ယနေ့ပြန်လည်ဖွင့်လှစ်

ချက်သမ္မတနိုင်ငံတွင် COVID-19 ကူးစက်ရောဂါအား ထိန်းချုပ်နိုင်ရန်အတွက် အခြေခံပညာကျောင်းများအား ၁၂-၃-၂၀၂၀ ရက်နေ့မှ စတင်ပိတ်ထားခဲ့ပါသည်။
ယခုအခါ ရောဂါကူးစက်မှု အခြေအနေအား ထိန်းချုပ်လာနိုင်ပြီဖြစ်သဖြင့် ယနေ့မှ စတင်၍ အခြေခံပညာကျောင်းများအားလုံးတွင် grade-1 မှ grade-5 အထိ အတန်းများအား ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
Grade-6 မှ grade-8 အထိအား online မှပင် ဆက်လက်သင်ကြားလျက်ရှိပါသည်။ အခြေခံပညာ အလယ် တန်းအဆင့်၏ နောက်ဆုံးအတန်းဖြစ်သော grade-9 အား ၁၁-၅-၂၀၂၀ ရက်နေ့ကပင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
မသရ၊ ပရာ့ဂ်မြို့။
ဓါတ်ပုံ - အမှတ်(၆) ပရာ့ဂ်မြို့ လူမှုကွန်ယက် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

0 comments:

Post a Comment